" အင်းပါ..အင်းပါ ကိုယ်ကျောင်းလိုက်ပို့မယ်
နော် ဒါပေမယ့် ဒီလွယ်အိတ်မယူသွားနဲ့တခြား
ဟာယူသွား..."

" ဘာလို့လဲ....Baby ဒါလေးကြိုက်နေတာ "

သူ့ကျောပိုးအိတ်လေးကိုလည်ပြန်ကြည့်ပြီး
နှမြောတသဖြစ်နေသေးသည် ။ Uni
ကျောင်းသားက ကလေးလွယ်အိတ်ကြီးနဲ့
ကျောင်းသွားရင်ဘယ်လောက်တောင် အစခံ
ရမလဲဆိုတာမတွေးမိဘူးလားမသိ ။

" Baby ဒီလွယ်အိတ်ယူသွားရင် သူများတွေ
ဝိုင်းစမှာပေါ့.. အိမ်မှာထားခဲ့နော် "

" မစပါဘူး ကျောင်းကမိန်းကလေးတွေလဲ
ဒါမျိုးအရုပ်ပါတဲ့အိတ်လေးတွေ လွယ်တာဘဲ "

မိန်းကလေးတွေလည်းလွယ်တာမလို့ သူအစ
မခံရဘူးတဲ့လေ...။ မိန်းကလေးတွေလွယ်တဲ့
အိတ်အများစုက ပိုက်ဆံအိတ်လေးတွေဘဲ
ဖြစ်နိုင်သည် ။ ကျောင်းလွယ်အိတ်တော့မဖြစ်
နိုင်...။

" လဲလိုက်ပါနော် Baby ကလိမ္မာပါတယ် "

" အဲ့တာဆို ကိုကို လဲပေး...Baby ချိုချိုနဲ့
အောက်မှာစောင့်နေမယ် "

နောက်ဆုံးတော့လဲ ပိုချစ်တဲ့သူကအလျှော့ပေး
ရစမြဲပါဘဲ ။ Baby ရဲ့လွယ်အိတ်လေးကိုတ
ခြားတစ်ခုနဲ့လဲလိုက်ပြီး မာန် အောက်ထပ်ဆင်း
လာခဲ့သည် ။ လှေကားနားထိကြားနေတဲ့တခစ်
ခစ်ရယ်သံတွေကြောင့် ပိုးပြည့်စုံ ရောက်နေပြီ
ဆိုတာ ခန့်မှန်းမိလိုက်သည် ။

" Baby!! "

ဧည့်ခန်းက Sofa မှာကြိုဆိုနေတဲ့မြင်ကွင်း
ကြောင့် မာန် မအော်ဘဲမနေနိုင်တော့.. ။ဟို
ဂြိုလ်သား ကနေသိပ်မကောင်းသေးတဲ့ Baby
ဆီကို ရေခဲမုန့်ဝယ်လာသည်တဲ့..။ ရိုးရိုးရေခဲ
မုန့်တောင်မဟုတ် လူ ၅ ယောက်လောက်စား
လို့ရတဲ့ ရေခဲမုန့်ဗူးကြီး ။ နှစ်ယောက်သား ပ
လုပ်ပလောင်းနဲ့စားနေလိုက်တာများနှုတ်ခမ်း
တစ်ဝှိုက်မှာပေပွတဲ့ထိ ။

" Baby တော်တော့..အခုထ "

Baby နားအမြန်လျှောက်သွားပြီး ထခိုင်းတော့
လက်ထဲမှာခပ်ထားတဲ့ ရေခဲမုန့်တစ်ဇွန်းကို
စွပ်ခနဲပါးစပ်ထဲသွပ်ထည့်ကာ ထလာသည် ။
Baby ရဲ့နှုတ်ခမ်းလေးကို ဖွဖွသုတ်ပေးရင်း
ပိုးပြည့်စုံ ကိုပါဖိဟောက်ပစ်လိုက်သည် ။

💞 Eternal Love 💞 { Completed }Where stories live. Discover now