အပိုင်း(၈)အကယ်ဒမီရှော့(အကယ္ဒမီေရွာ့)

Start from the beginning
                                    

"ငါအိမ်မက်မက်နေတာပဲ"

သူ့နှလုံးသားကို ဖွင့်ဟဝန်ခံလိုက်တဲ့နေ့ကစပြီး ညဏ်းဧကရာဇ်က သူ့ရှေ့ကို တစ်ပတ်ကျော်ကျော်ကြာတာတောင်ရောက်မလာခဲ့ဘူး ​နေအဂ္ဂါပထမဦးဆုံးအကြိမ် စတင်တုန်လှုပ်လာခဲ့တယ် အရာအားလုံးကဒီလိုနဲ့ပဲပြီးဆုံးသွားတော့မှာလား
။ညဏ်းဧကရာဇ်ကနဲ့တွေ့ဆုံခဲ့တဲ့အချိန်ကစလို့ ရူးရူးမိုက်မိုက်အပြုအမူတွေပြုလုပ်ခဲ့တာအားလုံးထဲမှာ ပထမဆုံးအနေနဲ့ နောင်တရခြင်းပဲ။သူမပြောလိုက်ပဲ နေခဲ့သင့်တာလား။အဲ့ဒီ့နေ့က ချားရဟတ်ပေါ်က ဆင်းဆင်းခြင်းမှာပဲ ညဏ်းဧကရာဇ်ပြောခဲ့တဲ့စကားတစ်ခွန်းက "ဖြတ်တောက်ရခတ်တဲ့ကြိုးတွေကို ငါအလိုမရှိဘူး"တဲ့လေသူ့ကိုဘာဖြေရှင်းချက်လေးတစ်ခုမှတောင်ပြောခွင့်မပေးခဲ့ဘူး။

​နေအဂ္ဂါမှောင်မဲတိတ်ဆိတ်နေတဲ့ တစ်အိမ်လုံးကို မီးတွေနဲ့ထိန်လင်းစေလိုက်တယ် ဧည့်ခန်းထဲကTVကိုအသံကုန်ဖွင့်ပြီး အိပ်ဆေးတစ်လုံးကိုဘီယာတစ်ကျိူက်နဲ့မျှောချလိုက်တယ်ဆိုရင်ပဲ သူအဆင်ပြေသွားပြီ သိပ်ကိုလွယ်လွယ်လေးပဲ။

နောက်နေ့မနက် photo shooting အတွက် မိတ်ကပ်လိမ်းတော့ မိတ်ကပ်ဆရာမပေါက်စလေးကသက်ပြင်းချတယ်။

"အစ်ကိုအိပ်ရေးဝဝမအိပ်ခဲ့ဘူးလား"တဲ့

"Sorry ငယ်​လေးရာ ကိုယ်ညကဘောလုံးပွဲကြည့်တာတော်တော်နောက်ကျသွားတယ် မင်းရဲ့အရည်အချင်းကိုပဲအားကိုးရတော့မှာပဲ"

သူ့မူပိုင်အပြုံးကို ဆင်မြန်ရင်းပြောတော့ ကလေးမလေးရဲ့ ပါးမို့ထက်မှာအနီရောင်လှိုင်းလုံးလေးတွေဖြတ်ပြေးသွားလေရဲ့

Photo shooting ရိုက်ကူးလို့အပြီးမှာတော့ တစ်နေ့တာကလျှင်လျှင်မြန်မြန်ပဲကုန်ဆုံးသွားပြန်တယ်

နေအဂ္ဂါ သူ့အိမ်သော့ကိုဖွင့်လိုက်ရင်း အိမ်ထဲကိုတိတ်တဆိတ်ဝင်လာလိုက်တယ် မထင်မှတ်စွာပဲ အိမ်ထဲမှာတစ်စုံတစ်ယောက်ရှိနေခဲ့တယ် သူ့နှလုံးသားလေးနွေးထွေးသွားခဲ့တာပေါ့ အပျော်လွန်ပြီး ရွေ့လျားဖို့တောင်မေ့နေခဲ့တဲ့အထိ

"မင်းရောက်နေ​တာလား"

"အင်း..မင်းကိုပြောစရာရှိလို့"

Before I Fall You[Completed]Where stories live. Discover now