လူမြင်​ကွင်းကြီးမှာ​တောင်​ မထိန်းနိုင်​မသိမ်းနိုင်​နဲ့ ကလူကျီစယ်​နေကြတာ မြင်​လို့မှမ​ကောင်း။ ​ရှောင်းကျန့်​နဲ့စကား​ပြောတိုင်း ရန်​ဆောင်​ချင်​နေတဲ့သူက တခြား​ယောကျာင်္းတစ်​ယောက်​အ​ရှေ့မှာ​တော့​ ​ပျော်​မြူးလို့။ အလုပ်​ဆင်းတာမှ မကြာ​သေးဘူး ဝမ်​ရိ​ပေါ်ရဲ့ စရိုက်​က စပြလို့​နေ​လေပြီ။

•••••••••••••••

"ဝမ်​လေး စား​လေ ဗိုက်​ဆာ​နေတယ်​မလား"

ပီဇာပန်းကန်​ကို အ​ရှေ့ချပြီး အ​တွေးလွန်​နေတဲ့ ဝမ်​လေး​ကြောင့်​စားပွဲ​ပေါ်တင်​ထားတဲ့ လက်​လေးတစ်​ဖက်​ကို လှမ်းကိုင်​ပြီး သတိ​ပေးလိုက်​တော့မှ ဟုတ်​ကဲ့ ဆိုပြီး စား​တော့သည်​။

အရင်​က ဝမ်​လေးက တက်​တက်​ကြွကြွရှိသ​လောက်​က​နေဒါကပြန်​ရောက်​ပြီး​နောက်​ပိုင်း အမြဲတမ်း တစ်​ခုခုကို​တွေး​တော​နေဟန်​ဖြင့်​ မှိုင်​နေတတ်​တဲ့ ဝမ်​လေးကို ကျင်းဟိုင်​သတိထားမိတာ ကြာပြီဖြစ်​သည်​။ အကုန်​လုံး မဟုတ်​ရင်​တောင်​အခုလ​တ်​တ​လော ဝမ်​လေး ဘာ​တွေဖြစ်​နေလဲ​ဆိုတာ​တော့ သိထားသင့်​သည်​မဟုတ်​လား။

"ဝမ်​လေး ကြည့်​ရတာ တစ်​မျိုးပဲ စိတ်​ညစ်​စရာ​တွေများ ရှိလို့လား"

ပေ​နေတဲ့ နှုတ်​ခမ်းနားတစ်​ဝိုက်​ကို တစ်​သျူးဖြင့်​သုတ်​ပေးရင်း​မေးလိုက်​တော့ ပလုတ်​ပ​လောင်းစားရင်း​ခေါင်းခါပြလာသည်​။ အင်း...ဒီက​လေးက သူ့ခံစားချက်​တွေကို​ဘေးလူကို မ​ပြောပြတတ်​တဲ့အကျင့်​ကို​မေ့သွားတယ်​။

အရင်​က​တော့ ဒီက​လေးက ငယ်​သေးလို့ ကိစ္စမရှိ​ပေမယ့်​အခုက လူကြီး​လေးဖြစ်​လာသည့်​အပြင်​ လုပ်ငန်းခွင်​ထဲပါ ဝင်​နေပြီမို့ ဒီက​လေးကို တစ်​ယောက်​ထဲလွှတ်​ထားလို့ မဖြစ်​တော့​ပေ။

"ရိ​ပေါ် ပီဇာလာစားတာလား"

ရိ​ပေါ်အနားမှာ ပြုံးပြုံးကြီး ရပ်​ကြည့်​ရင်း​မေးလာတဲ့လူ​ကြောင့်​ ရိ​ပေါ်စားလက်​စ​တောင်​ နင်​မလိုဖြစ်​သွားရသည်​။ ပီဇာစား​နေတာ မြင်​ရဲ့သားနဲ့ ပီဇာလာစားတာလား လို့​မေး​နေတဲ့ ရွှမ်း​ကောက အမြင်​အာရုံပဲ ချို့ယွင်းသွားတာလား၊ တမင်​တကာပဲ စကားမရှိ စကားရှာပြီး​ပြော​နေလား မစဉ်းစားတတ်​တော့။

Dear My Ex-crush[Completed]Where stories live. Discover now