အပိုင်း(၁၅)

Start from the beginning
                                    

နောက်ရက်မှစ၍ ဇော် IElTSဖြေဖို့အတွက် အသည်းအသန် ပြင်ဆင်ခဲ့ပါသည်...ရင်ထဲက ဝေဒနာတွေကို သက်သာစေဖို့ ဇော်ကိုယ်ရော စိတ်ကိုပါ နှစ်ကာ ieltsဖြေဖို့ရော scholarလျှောက်ဖို့ရော ကြိုးစားခဲ့ပါသည်...

ဇော်မှန်းထားသည့်အတိုင်း ဖေဖေတို့မဂ်လာပွဲမတိုင်ခင် ၂ပတ်အလိုလောက်တွင် ဇော့်မှာ လေယာဥ်လက်မှတ်ကအစ အဆင်သင့်ဖြစ်နေပြီ...

ဖေဖေရော သားငယ်ရောက ဇော့်ကို နားလည်စွာဖြင့် ဘာမှ ဖိအားမပေးခဲ့ပါချေ... ဖေဖေနဲ့တော့ စကားပင် သေချာမပြောဖြစ်ခဲ့ပါ...

ဇော်လေယာဥ်ပေါ်တက်ကာနီးတော့ သားငယ်က ငိုရှာပါသည်... ဖေဖေကတော့ စာကြိုးစားဟုသာ အားတင်းပြီး ပြောခဲ့ပါသည်...

ကိုယ့်အတ္တကိုသာ ရှေ့တန်းတင်ပြီး အချစ်ကို မျက်ကွယ်ပြုကာ နေနိုင်ဖို့ ကြိုးစားခဲ့ပေမယ့် နှလုံးသားကိုတော့ မတွန်းလှန်နိုင်မှန်း ဇော်နောက်များမှ သိခဲ့ရပါသည်...

🍀🍀🍀🍀🍀

ဇော် နိုင်ငံခြားရောက်ပြီး ၁နှစ်လောက် ကြာတော့ သားငယ်ဆီမှ mailတစ်စောင် လက်ခံရရှိခဲ့ပါသည်...

"အဆင်ပြေရဲ့လား... မကြီးရေ...

သားတော့ မကြီးအရာအားလုံး အဆင်ပြေဖို့ အမြဲဆုတောင်းပေးနေပါတယ်...

အရာအားလုံးဆိုတဲ့အထဲမှာ မကြီးရဲ့ အချစ်ရေး ကိစ္စလဲ ပါပါတယ်...

သားလေ ဘာကိုမှ မရိပ်မိခဲ့တဲ့ ကိုယ့်ကိုကိုယ် သိပ်တုံးတယ်လို့ ထင်မိတယ် သိလား....

မမလေပြေ သားကို ဘာလို့ အဆက်အသွယ်ဖြတ်သွားတာလဲဆိုတာ စဥ်းစားမရခဲ့ဘူး...

နောက်မကြီး နိုင်ငံခြားသွားပြီးမှ မမသက်ထားတို့ကို မေးကြည့်မိတယ်...

အဲတော့မှ မကြီး သားကြောင့် ဘယ်လောက်စိတ်ပင်ပန်းခဲ့ရလဲ ဆိုတာကိုလဲ နားလည်လာတယ်...

မကြီးက သားမျက်နှာကို အရိပ်လို ကြည့်နေတယ်ဆိုတာ မေ့သွားခဲ့တယ်...

မကြီးကို သားသိပ်အားနာမိပါတယ်...

သားကြောင့် မမလေပြေနဲ့လဲ အဆင်မပြေဖြစ်သွားရတယ်...

Second ChanceWhere stories live. Discover now