အပိုင်း(၁၅)

Bắt đầu từ đầu
                                    

မှားနေပြီမှန်း သိနေပေမယ့် အမှားကို အမှန်လုပ်ပြီး ရှေ့ဆက်တိုးဖို့ကိုသာ ဇော်ဆုံးဖြတ်ထားပါသည်...

🍀🍀🍀🍀🍀

ထိုနောက်ပိုင်းနေ့ရက်များသည် ဇော့်အတွက် အမှောင်မိုက်ဆုံး နေ့ရက်များ ဖြစ်ခဲ့သည်...

ကိုယ့်ရင်ထဲက ခံစားချက်တွေနှင့် သေလောက်အောင် ပင်ပန်းနေသောအချိန်တွင် ဖေဖေ့ဆီက ကြားလာရသော စကားများကို ဇော်နည်းနည်းမှ လက်ခံနိုင်ခြင်း မရှိခဲ့ပါ...

"ဖေဖေ နောက်အိမ်ထောင်ပြုတော့မယ် သမီး..."

ဖေဖေ့စကားမှာကတည်းက ဇော့်ကို တိုင်ပင်တာမဟုတ် အသိပေးခြင်းသာ ဖြစ်သည်...

"မေမေဆုံးတာ တစ်နှစ်တောင် မပြည့်သေးဘူးလေ ဖေဖေ...သားငယ်ကို ငဲ့ပါဦး..."

"သမီးက အဲလိုဖြစ်နေရင် ဖေဖေသားငယ်လေးကို ဘယ်လိုပြောရမလဲ ဇော်...သားငယ်ကို ပြောမရရင်တောင် သမီးကတော့ ဖေဖေ့ကို နားလည်ပေးမယ်ထင်ခဲ့တာ..."

"ဟင့်အင်း... သမီးနားလည်မပေးနိုင်ဘူး ဖေဖေ..."

ဇော် အခန်းထဲ ပြန်ပြေးဝင်လာမိသည်...မသိလိုက်ခင်မှာပင် မျက်ရည်က ကျနေပြီး ဖြစ်သည်...ခုတလော ဇော် သိပ်ကို ပျော့ညံနေတာပင်...

"မကြီး..."

အခန်းဝကနေ ခေါ်နေသော သားငယ်ကြောင့် ဇော်မျက်ရည်တွေကို သုတ်လိုက်မိသည်...သားငယ်က အခန်းထဲ ဝင်လာကာ ကုလားထိုင်မှာ ဝင်ထိုင်လိုက်ပါသည်...

"မငိုပါနဲ့ မကြီးရယ်...ကျွန်တော် အားလုံး ကြားပြီးပါပြီ...ဖေဖေ့ကို စိတ်မဆိုးပါနဲ့...ဒါနောင်တစ်ချိန်ချိန်မှာလဲ ရင်ဆိုင်ရမယ့် ကိစ္စပဲလေ...စောတာနှင့် နောက်ကျတာပဲ ကွာတာပါ...ကျွန်တော်တို့ စောစောလက်ခံပေးလိုက်ရင် ဖေဖေစောစော စိတ်ချမ်းသာရတာပေါ့...မဟုတ်ဘူးလား...ခုကျွန်တော်တို့ စိတ်ချမ်းသာအောင် ထားရမှာ ဖေဖေတစ်ယောက်ပဲ ရှိတော့တာလေ...နော်..မကြီး..."

ပြောကာမှ မျက်ရည်ပိုကျလာသော ဇော့်ကို သားငယ်က ဖက်ကာ ချော့နေပါသည်...

ဇော်မျက်စိရှေ့မှာပင် သားငယ်က လူကြီးဖြစ်လာပြီပဲ...အတွေးအခေါ်တွေ အပြုအမူတွေ လူကြီးဆန်လာပြီ...ဇော့်ကိုတောင် ပြန်နားချနိုင်သည့် အရွယ်ဖြစ်လာပြီ...သားငယ်ကို ဇော်စိတ်ချလက်ချ ထားသွားလို့ ရပြီမှန်း နားလည်လာပါသည်...

Second ChanceNơi câu chuyện tồn tại. Hãy khám phá bây giờ