ကားကို ထုတ်ပြီး သူ့ဘာသာ မြန်မြန်မောင်းသွားဖို့ ပြင်ပေမယ့် ရှေ့ကကားတွေက ဒီနေ့မှ စိတ်ညစ်စရာကောင်းလောက်အောင် ပိတ်နေသည် ။
သူကလောနေလို့ပဲလား .. အချိန်တွေကလည်း ပိုပြီးတော့ကို နှေးနေဟန် တူသေး၏ ။

" ဘယ်အမျိုးကောင်းသားက ကားကို ဘယ်လိုမောင်းနေလို့ လမ်းက ဒီလိုကျပ်နေရတာလဲ "

သူ လျှောက်ပြီး ပြောနေမိသည် ။
စိတ်ပူနေသည့် စိတ်က တော်တော်ကို များသည်မို့ ဘာကိုမှ မှုမနေမိ ။

နာရီ၀က်ကျော် ကားမောင်းပြီးသည့်နောက်မှ Jaeminအိမ်ရှေ့ရောက်တော့သည် ။ DongHyuckက အိမ်တံခါးဖွင့်ထားကြောင်းပဲ ပြောလိုက်တာ .. ခြံတံခါးပိတ်ထားကြောင်းတော့ဖြင့် သူ့ကို ဆက်မ‌ပြောခဲ့ပါချေ ..။

" Fuck .. Ahhhh Lee DongHyuck !! "

သူ့နဖူးသူ ရိုက်ပြီး အော်မိလိုက်ပေမယ့် bellကိုတော့ နှိပ်ကြည့်မိသေးသည် ။ သူ့ကို နောက်ဆုံးဆက်ထားတဲ့ ဖုန်းကို ဆက်တိုက်ဆက်မိနေလည်း အတန်းထဲ ရောက်နေပြီနှင့်တူသည် .. DongHyuckက ဖုန်းမကိုင်တော့..။

ငါးမိနစ်နီးပါး ဘယ်သူ့အရိပ်အယောင်မှ မမြင်ရလေတော့ သူစိတ်က ပိုပူလာသည် ။

အနီးအနား ပန်းအိုးတွေအောက်ထိ သော့ပတ်ရှာမိလည်း မရှိတာမို့ နောက်ဆုံး ကြံစည်စရာက ဒီနေရာမှာ တစ်ခုပဲ ရှိသည် ။
" ခြံစည်းရိုးကို ကျော်တက်ဖို့ " ။

Jaeminတို့အိမ်ရဲ့ ခြံစည်းရိုးက မမြင့်လွန်းပေမယ့် မနိမ့်လှ ။
ကံကောင်းသွားတာက ဆူးကြိုးတွေနဲ့ ခတ်မထားတာပဲ ဖြစ်သည် ။

အနားနားမှာ ကျောက်တုံးလေးတွေ တွေ့တာကို စီပြီး တက်ကြည့်တော့ သူ့အရပ်အမြင့်နဲ့ဆို ခွကျော်ဖို့ အဆင်ပြေပြီဆိုပြီး တစ်ဖက်ကို အဆင်ပြေပြေရောက်သွားမယ်ထင်ခဲ့ပေမယ့် မထင်ထားဘဲ ဖြစ်သွားတာက ခြံစည်းရိုးက ဆူးသေးသေးလေးဖြင့် လက်မောင်းကို ခြစ်ချမိသွားတာပင် ။

" Fkkk "

အင်္ကျီလက်ရှည်အဖြူဟာ သွေးစတွေနဲ့ ..။
ဒါကို သူခဏလေးပဲ မှုအားလိုက်သည် ။ ပိုပြီး အရေးကြီးသည်က Na Jaeminအခြေအနေ မဟုတ်ပါလား ..။

Selenophile || NoMinWhere stories live. Discover now