ကျောင်းနားက ဆိုင်ကိုကျ ဝေးသည်ဟု ခေါင်းစဉ်တပ်ပြီး ဘူဆန်ကို ခရီးထွက်လိုက်မည်ဆိုသည့် အတွေးက ခေါင်းထဲရောက်လာတော့ သူခြောက်ကပ်ကပ်ရယ်မိလိုက်သည် ။
" ရူးလိုက်တာ Lee Jeno "
အိမ်ထဲက ထွက်လာပေမယ့် အိမ်ရှေ့ကနေ ထွက်မသွားရသေး ..။
ရောက်တက်ရာရာ လျှောက်သွားဖို့ ခြေလှမ်းလှမ်းသည်က လမ်းထိပ်တင် ရှိသေးသည် ။ ဘောင်းဘီအိတ်ထဲ ထည့်ထားသည့် ဖုန်းက အသံဆက်တိုက်မြည်လာသည်မို့ ထုတ်ကြည့်တော့ ခေါ်ဆိုသူက "DongHyuckkie" ။
" အင်း ? "
" အားလား "
" ဒီနေ့ ကျောင်းပြေးဖို့ ကြံနေတာ တအား အားနေလို့ "
သူအဲ့လိုပြောတော့ တစ်ဖက်က Haechanက တိုးတိုးကလေး သူ့ကို ဆဲရေးသည်မို့ သူရယ်မိလိုက်သည် ။
Haechanတို့ မေဂျာက ဒီနေ့ presentationရှိသည် .. သူတို့မေဂျာက ပြီးနှင့်ပြီမို့ လွတ်လပ်နေခြင်းသာ ။" ငါတို့ မေဂျာက ဒီနေ့ "
" သိတယ် Jisungပြောထားတယ် ငါ့ကို "
" အေး အဲ့တာ ငါမအားလို့ "
" ဘာခိုင်းစရာရှိလို့လဲ ငါဒီနေ့အားတယ် "
ပြောရခက်နေသည့် အသံကိုက ကြားရုံနဲ့တင် သိသည်မို့ သူကလမ်းဖောက်ပေးမိသည် ။
" ဟို .. ဟိုကွာ "
" ဆက်ပြော ? "
" Jaeminက သူနေမကောင်းဖြစ်နေလို့တဲ့ ခုနကဖုန်းဆက်တယ် ။ အိမ်မှာလည်း ဘယ်သူမှမရှိဘဲ အဖျားတွေတက်နေတယ်ပြောတယ် .. ငါ့ကိုသူ့ဆီခေါ်ပေမယ့် ငါတို့ငါးယောက်က မအားတော့ .. "
" ငါသွားလိုက်မယ် "
" ဖြစ်ရဲ့လား .. သူက အိမ်တံခါး ဖွင့်ထားတယ်ပြောတယ် "
" ငါအားနေတာမို့ .. အရေးကြီးရင် ဖုန်းဆက်လိုက်မယ် "
" ကျေး .. "
တစ်ဖက်က စကားပြောလို့ မပြီးခင် ဖုန်းချပြီး သူ့အိမ်ထဲကို သူ အမြန်ပဲ ပြေးသွားမိသည် ။ ဟိုတစ်နေ့က အတွေးတွေများပြီး ဆိုင်၀င်စရာရှိလို့သာ လမ်းလျှောက်သွားခဲ့ပေမယ့် တကယ်က သူနှင့် Jaeminအိမ်က တောင်နဲ့မြောက် ၊ တော်တော်လှမ်းသည် ။
Trouvaille
Start from the beginning