ပြီးတော့ ဟန်နီ့ နှုတ်ခမ်းပါးပါးလေး ။
အမြဲတမ်းလိုလို ပန်းရောင်သမ်းနေသည်ကို သတိမထားမိဘူးပြောရင် သူက ညာကာကျမည် ။
ဟန်နီ့ နှုတ်ခမ်းပါးတွေက မူးယစ်ဆေးလို ဖြစ်မလား ..
စွဲလမ်းသွားမိမှာ သူကြောက်ပါသည် ။

မျက်လုံးကို လွှဲရင်း ကုတင်ပေါ်ကနေထကာ မရောက်တာ ကြာခဲ့သည့် ဟန်နီ့အခန်းကို ပတ်ကြည့်နေမိသည် ။
နှစ်နှစ် .. အဲ့လောက် ၀န်းကျင် ရှိပြီ ။
တကယ်တော့ သူဖွင့်ပြောလိုက်ပြီးကတည်းက ဟန်နီနှင့်သူက ဝေးကွာသွားတော့တာပင် ။

အခန်းအပြင်အဆင်က အရင်က မိုးပြာရောင်လေးကို အခုတော့ အရောင်မှိုင်းမှိုင်းလေး ဖြစ်နေပြီ ။ မီးလုံးသေးသေးလေး နှစ်လုံးပဲရှိသည့် အခန်းက ညဘက်မှာ မှောင်နေမှာတော့ အမှန် ။
စာကြည့်စားပွဲပေါ်မှာတော့ စာကြည့်ဖို့ မီးလေး သက်သက်ရှိသည် ။

ပြီးတော့ .. စာကြည့်စားပွဲထောင့်မှာ သူတို့ငယ်ငယ်တုန်းက ရိုက်ခဲ့တဲ့ ဓာတ်ပုံလေး ရှိသည်။
Jeno အံ့ဩသွားသည်မှာ တကယ်ကို ။

ဟန်နီ့ စာကြည့်စားပွဲပေါ်မှာ သူတို့နှစ်ယောက်အတူတူ ရိုက်ထားသည့် ဓာတ်ပုံလေးကို ထောင်ထားတုန်းပင် ..။

ရုတ်တရက် စိတ်ထဲကနေ လှိုက်တက်လာတဲ့ ခံစားချက်က ‌၀မ်းသာလွန်းလို့လား မသေချာ ။
၀မ်းနည်းစိတ်နှင့် ဘာလို့တူနေလဲလည်း သူမသိ ။
ငိုချင်လာသည့် စိတ်က သူ့ဆီ တိုးလာသည်။

နှစ်ယောက်လုံးမှာ ဒီဓာတ်ပုံရှိပြီး နှစ်ယောက်ဆင်တူ ဘောင်လေး လုပ်ခဲ့ကြတာ ။
ဟန်နီက ဒီဟာကို လွှင့်ပစ်လိုက်ပြီတောင် သူထင်ခဲ့တာ ..။

ဓာတ်ပုံလေးကို ကိုင်ထားရင်း သူ့ခေါင်းထဲမှာ အတွေးပေါင်းစုံက ဖြတ်ပြေးနေခဲ့သည် ။

" Jeno .. "

ရုတ်တရက် လှမ်းခေါ်လာသည့် ဟန်နီ့အသံကြောင့် ပစ္စုပ္ပန်ကို သူပြန်ရောက်လာခဲ့သည် ။

လက်ထဲမှာ ကိုင်ထားတဲ့ ဓာတ်ပုံကို နောက်ကျောဆီ ပို့ပြီး ဝှက်မိလိုက်သည် ။ သူ ဒီဟာကို မြင်သွားကြောင်း ဟန်နီ့ကို မသိစေချင် ..။
အဆိုးအဆာလေးက ဆက်ပြီး ဆိုးနေပါစေ .. ကသိကအောက်ဖြစ်သွားမှာကို သူမလိုလားပါ ။

Selenophile || NoMinWhere stories live. Discover now