"သားငယ်​လေး လာ အပင်​စိုက်​လို့ အဆင်​ပြေမယ့်​နေရာ သွားကြည့်​ရ​အောင်​"

ဝမ်​ရိ​ပေါ်လက်​မောင်းကို ကိုင်​ပြီး ခြံထဲဆင်းသွားတဲ့ မားက​ရှောင်းကျန့်​ကိုပါ မျက်​နာရိပ်​မျက်​နှာကဲပြကာ ခြံထဲလိုက်​ခဲ့ဖို့​ပြောတာမို့ ခပ်​လှမ်းလှမ်းက​နေသာ လိုက်​လာခဲ့လိုက်​သည်​။

"သားကျန့်​ သားငယ်​လေးနဲ့ ကူ​ပေးလိုက်​နော်​။ မား မီးဖို​ချောင်​ခဏဝင်​လိုက်​ဦးမယ်​"

ရှောင်းကျန့်​ဘေးက​နေ ဖြတ်​သွားတဲ့ မားက 'ရိ​ပေါ်​လေးကို​သေချာ​တောင်းပန်​လိုက်​´ ဆိုတာပါ​ပြောသွား​သေးသည်​။ ​ရှောင်းကျန့်​သိလိုက်​ပြီ။ မားက​သူ့ကို​တောင်းပန်​စေချင်​လို့ ဝမ်​ရိ​ပေါ်ကို တမင်​သက်​သက်​အိမ်​ကို​ခေါ်လာတယ်​ဆိုတာ။

မြေသား​တွေကို​ခက်​ရင်းခွသုံးကာ တူးဆွ​နေတဲ့ ဝမ်​ရိ​ပေါ်​ဘေးနားကို​ ​ရှောင်းကျန့်​သွားရပ်​တော့​ ​ရှောင်းကျန့်​ကိုတစ်​ချက်​သာ​မော့ကြည့်​ပြီး လုပ်​လက်​စကိုသာ ဆက်​လုပ်​နေတာမို့​ရှောင်းကျန့်​လည်း ရပ်​ကြည့်​​နေလိုက်​သည်​။

ရိ​ပေါ်လုပ်​သမျှကို လက်​ပိုက်​ပြီး ရပ်​ကြည့်​နေတဲ့​ရှောင်းကျန့်​ကို မသိချင်​ယောင်​ဆောင်​ကာ​ရှောင်းကျန့်​အ​ပေါ် မ​ကျေနပ်​ချက်​တွေကို​မြေကြီး​ပေါ်မှာ ပုံချပြီး ထိုးဆွ​နေလိုက်​သည်​။ ​ရှောင်းကျန့်​ရှိတဲ့​နေရာမှာ တစ်​စက္ကန့်​လေး​တောင်​မ​နေချင်​တာမို့ လုပ်​စရာရှိတာကို မြန်​မြန်​ပြီး​အောင်​လုပ်​နေရသည်​။ အပင်​စိုက်​ခြင်းလုပ်​ငန်း ပြီး​မြောက်​သွား​ပြီမို့ လက်​ဆေးရန်​အိမ်​ထဲဝင်​ရန်​ပြင်​တော့ တစ်​ချိန်​လုံး ငြိမ်​နေသည့်​ရှောင်းကျန့်​ဆီမှ စကားသံထွက်​လာသည်​။

"မင်းမှာ ငါ့ကို ဘာမှ​ပြောစရာ မရှိဘူးလား ဝမ်​ရိ​ပေါ် "

ရိ​ပေါ် မဆိုင်းမတွပင်​ခေါင်းခါမိလိုက်​သည်​။ တကယ်​လည်း​ရှောင်းကျန့်​ကို​ပြောစရာစကားမှ ရှိမ​နေသည်​ပဲ။ ထပ်​ပြီး လှည့်​ထွက်​ဖို့ ပြင်​နေတဲ့ ရိ​ပေါ်ရဲ့ ညာဘက်​လက်​ကောက်​ဝတ်​ကို ဆွဲကိုင်​ခံလိုက်​ရတာ​ကြောင့်​ရိ​ပေါ် စိတ်​မရှည်​စွာ

Dear My Ex-crush[Completed]Where stories live. Discover now