"ကျွတ်.....မင်းကလူ့ကျင့်ဝတ်မသိတာလား...အရှက်မရှိတာလား...."

ပေါ်တင်ပြောချလိုက်သည့်အာဏာ့စကားကြောင့်ထိုင်ခုံပေါ်ထိုင်နေသည့်roseမှာဆက်ထိုင်ရမလားထရမည်လားပင်မသဲကဲွဲ​ြဖစ်သွားသည်....

"King. ..ကလည်း...ငါတို့ကမကြာခင်သက်ဆိုင်သူတွေဖြစ်တော့မှာကို...."

ထိုစကားကြောင့်ဆက်တို့မှာသူမရဲ့အရှက်မရှိမှုကိုလက်လန်သွားသည်.....
ကိုကို့ရှေ့မှာပြောလိုက်တာကြောင့်အာဏာပိုလို့ပင်ဒေါသထွက်သွားသည်......

"မင်းကိုဘယ်သူကများငါနဲ့သက်ဆိုင်သူဖြစ်မယ်ဆိုတဲ့ယုံကြည်မှုပေးလိုက်တာလဲ...."

စကားတွေထဲကသတ်ဖြတ်ချင်တဲ့အော်ရာကိုခံစားမိတာကြောင့်Roseမှာတုန်လှုပ်သွားသည်....
ဟန်ကိုထိန်းလိုက်ပြီး...

"ဘယ်လိုဘဲ​ြဖစ်ဖြစ်..ရှင်ကျွန်မကိုယူရမှာဘဲ....."

ဒီတစ်ခါကတော့အာဏာဘေးနားကသတ်ဖြတ်ချင်တဲ့အော်ရာတွေကြောင့်အာဏာကိုကို့ကိုကြည့်လိုက်သည်....
နီမြန်းနေတဲ့မျက်နှာကြောင့်တော်တော်ဒေါသထွက်နေမှန်းသိသာသည်....

#ကိုကို့ကိုဘယ်လိုချော့ရမလည်း....ငါကတော့အပစ်ပေးခံရတော့မယ်....#

Roseရောက်လာတာကတောင်ဆက်ကိုဒေါသထွက်နေစေပြီမို့နောက်ဆုံးစကားကလောင်စာထပ်ထည့်လိုက်သလိုပင်....

အရင်တည်းကRoseကအာဏာရဲ့သက်ဆိုင်သူဆိုပြီးဂိုဏ်းထဲမှာဝင်စွက်တတ်သည်...
တကယ်တော့စေ့စပ်ပေးပါမယ်ဆိုတဲ့သတင်းသဲ့သဲ့တောင်မရှိဘဲအာဏာကသူ့ကိုလိုက်ကပ်နေသလိုမျိုးသတင်းအမြဲ​ြဖန့်နေသည်.......

အဖိုးနဲ့အဖွားပင်Roseကိုသဘောမကျ...
ကလက်တက်တက်နိုင်ပြီးယောက်ျားတွေနဲ့လည်းပလူးပလဲ​ြဖစ်နေတတ်တာကြောင့်ဂိုဏ်းသားတွေပင်ဝေးဝေးရှောင်သည်....

အကိုဖြစ်သူJhonကလည်းညီမကိုမထိန်းဘဲသူကပင်ပျော်ပါးနေတတ်တာကြောင့်သူတို့ရဲ့ဂုဏ်သတင်းကအသိုင်းအဝိုင်းထဲမှာရစရာပင်မရှိချေ...
ဒါကိုပင်အာဏာကသူမကိုယူမှာလိုလို၊စေ့စပ်ထားသူကြီးပမာပြုမူနေတတ်သည်....
တစ်ခွန်းထဲနဲ့ပြောရမယ်ဆိုရင်သူ့ဖာသာသောက်ရမ်းဘဝင်တွေ​ြမင့်နေတာ.....

Rebirth for (BL) (completed) Where stories live. Discover now