ရင်းနှီးနေတဲ့ .. သူ့တစ်ဘ၀လုံးနဲ့ ရင်းနှီးခဲ့ရတဲ့ လူရိပ်လေးက ခြံရှေ့က မီးမှိန်မှိန်အောက်မှာ ခေါက်တုံ့ခေါက်ပြန် လျှောက်လို့ ။
ကျွမ်းသွားခါနီး မီးလုံးက မှိတ်တုတ် မှိတ်တုတ် ။
သူ့ရင်ဘတ်ထဲက နာကျင်လာတာက တဆစ်ဆစ်တက်လို့ ။
Jenoက အခု သူ့အိမ်ရှေ့ကို ရောက်နေတာ ။

ဆယ်မိနစ်နီးပါး သူ့ကို ရပ်စောင့်နေတဲ့ အဲ့ဒီအမျိုးသားက ပါပါးရှိမနေမှန်း သိလို့ထင်သည် .. ။
Jenoက ဖုန်းကို ထုတ်လိုက်တာမြင်တော့ သူက သူ့ဖုန်းကို ဆုပ်ကိုင်ထားမိသည် ။

✉️ - ငါပါ .. ကျေးဇူးပြုပြီး ငါ့ကို ထွက်တွေ့ပေးပါ ..

Jeno ဆိုတဲ့ contactအောက်က ၀င်လာတဲ့ စာတိုလေးက သူ့စိတ်ကို ပိုပြီး လှုပ်ခါပစ်လိုက်သည် ။
မနေ့ကအထိ အဲ့ဒီ contact nameအောက်မှာ သူတို့တွေ ပျော်ပျော်ရွှင်ရွှင်စကားပြောထားခဲ့ကြတာ ..။

Bellကို ဆက်မနှိပ်တော့ဘဲ ဒီအတိုင်းရပ်စောင့်နေသည့် Jenoကို သူဒီအတိုင်း မထားရက်နိုင်ပါ ။
အဲ့ဒီလူဟာ သူမထွက်လာမချင်း ပြန်သွားမည့်လူမဟုတ်တာ သူသိသည် ။
အမြဲတမ်း မဟုတ်သည့်နေရာမှာ Jenoက အားစိုက်လွန်းသည် .. တလွဲဆံပင်ကောင်း လို့ မပြောရက်နိုင်လောက်အောင် ပတ်သက်သမျှက သူ့ကိစ္စတွေချည်း ။

အောက်ထပ်ကို ဆင်းပြီးကာမှ အိမ်တံခါးကို ဖွင့်ဖို့ တွန့်ဆုတ်နေတဲ့ လက်တွေ .. တုန်ယင်နေတာက မြင်လို့ကို မကောင်းတဲ့အထိ ။ သူ့လက်နှစ်ဖက်ကို သူ့ဘာသာ ပြန်ဆုပ်ကိုင်ထားမိတော့ သူ့ဘာသာ စုတ် တစ်ချက် သပ်မိရသည် ။

Jenoက ဆဲဆိုရင်လည်း ခံပြီး ၊ ပေါက်ကွဲပစ်လိုက်ရင်တောင် ပြောစရာမရှိနိုင်ပါ ။
သူ့အမှားလို့ နောင်တမရချင်ပေမယ့် သူ့မှားခဲ့တာလို့ တဖြည်းဖြည်းနောင်တ ရလာခဲ့တာ ။

ဘယ်လောက်ပဲ ချစ်ခြင်းမေတ္တာကို ငတ်နေခဲ့ပါစေ ၊ ဘယ်လောက်ပဲ ထိန်းချုပ်နိုင်စွမ်း ကင်းမဲ့နေခဲ့ပါစေဦးတော့ သူက ဒီလူကို အသုံးချသလို ဖြစ်ခဲ့တဲ့ စိတ်က သူ့အတွက်တော့ အရိပ်မည်းကြီးလို ။

ထိုက်တန်လို့များ သူက ဒီလို တုန်ယင်‌ပြနေတာလား ။
သူက ဘယ်ဟာနဲ့ ထိုက်တန်လို့ ကြောက်ရွံ့နေရတာလဲ ။
သူ့ကိုယ်သူ ကြိမ်းဝါးပြီး အိမ်တံခါးကို ဖွင့်လိုက်ပေမယ့် ခြံတံခါးရှေ့က မီးမှိန်မှိန်လေးအောက်က Jenoကို မြင်တော့ သူ့ခြေထောက်တွေက ယိုင်နဲ့ချင်လာသည် ။

Selenophile || NoMinWhere stories live. Discover now