သူ ပြုံးပြမိလိုက်သည် ။ ပြီးတော့ နောက်က လိုက်လာသည့် အစောင့်တွေကြောင့် သူတို့တွေ ဒီတိုင်း စကားပြောကြရင်းသာ အချိန်တွေ ကုန်ပစ်ခဲ့ကြသည် ။

တစ်နေကုန် စိတ်ရော လူရော ပင်ပန်းထားခဲ့ပြီး သူက အိမ်ပြန်ရောက်လာတော့ ပါပါးက သူ့သူငယ်ချင်းနဲ့ ညစာစားမလို့ ဆိုကာ ထွက်သွားသည် ။

ပါပါးရဲ့ တစ်ဦးတည်းသောသူငယ်ချင်းက ..  Jenoရဲ့ဖေဖေ ။
သူနဲ့ Jenoကရော .. အဲ့ဒီအရွယ်ကို ရောက်တဲ့ခါ သူငယ်ချင်းဆိုတဲ့ခေါင်းစဉ်ထဲမှာ ရောက်နေကြမှာလား ။

သူငယ်ချင်းဟောင်း ဆိုပြီး အဆုံးသတ်သွားပြီးသား သူတို့ရဲ့ ဆက်ဆံရေးပဲ မဟုတ်ပါလားလေ ။
တစ်ချိန်ချိန်မှာ သူတို့နှစ်ယောက်ကြား ချစ်မြတ်နိုးတဲ့ ဆက်ဆံရေးဆိုတာ ရှိခဲ့တယ်လို့ ပြောရင် လူတွေက ရယ်ကြလောက်မှာ ။

သူ့ သူငယ်ချင်းတွေကအစ ပတ်၀န်းကျင် တစ်ခုလုံးအဆုံး Na Jaeminက Lee Jenoကို မုန်းနေတာ ဆိုပြီး သိခဲ့ကြတာ ။
သူက အဲ့ဒီလို Jenoကို ပစ်ပစ်ခါခါ ရက်စက်ပစ်ခဲ့ဖူးတာ ။

ဘာခေါင်းစဉ်အောက်ကိုမှ မရောက်ခဲ့ကြတဲ့ လူနှစ်ယောက်ရဲ့ ဆက်ဆံရေးမျိုး သူနဲ့ Jenoက ပိုင်ဆိုင်ခဲ့ဖူးပါတယ် ။
သူငယ်ချင်း စည်းကို သိသိသာသာ ကျော်လွန်ခဲ့ပေမယ့် သူငယ်ချင်းထက်ပိုတဲ့ ဘယ်ခေါင်းစဉ်တစ်ခုအောက်ကိုမှ ရောက်ရှိမနေခဲ့ ။

မနက်က ချက်ချင်းတင်လိုက်တဲ့ သတင်းတွေအပြီးမှာ သူ့ဖုန်းထဲကို ၀င်လာတဲ့ messageတွေ ၊ ဖုန်းခေါ်ဆိုမှုတွေ ဘယ်တစ်ခုတည်းမှာမှ Jenoဆိုတဲ့ contactပါ၀င်မနေခဲ့ဘူး ။

ဖုန်းဆက်ကြတာကို မကိုင်တော့ စာပို့ပြီး ဆဲဆိုကြတဲ့ Renjunနဲ့ Hyuckkie ၊ သူတို့ကို ဘာမှမပြောဘူးလို့ ‌ဟန်ဆောင်ဒေါသထွက်ပြနေတဲ့ Mark Hyung , Chenleနဲ့ Jisungရဲ့ စာတွေ .. အကုန်လုံးကို ဖတ်ခဲ့ရပေမယ့် သူမမျှော်လင့်နိုင်ဘဲ မျှော်လင့်ချင်နေခဲ့တဲ့ တစ်စုံတစ်ယောက်နဲ့ ပတ်သက်တာက သူ့ရဲ့ ဖုန်းထဲမှာ အရိပ်အယောင်လေးတောင် ၀င်ရောက်မလာခဲ့ ။

အတွေးတွေထဲ ရောက်နေတုန်း အိမ်ခေါ်bellသံကြောင့် သူက အတွေးထဲက ထွက်လာမိသည် ။ ပါပါးပြန်လာတာ မှတ်လို့ ဝေ့ဝဲနေတဲ့ မျက်ရည်တွေကို ပွတ်သုတ်ပြီးမှ ပါပါးသွားတာ ဘယ်လောက်မှ မကြာသေးမှန်း သတိရလို့ အောက်ထပ်မဆင်းဘဲ လိုက်ကာကိုပဲ လှပ်ကြည့်မိသည် ။

Selenophile || NoMinWhere stories live. Discover now