အပိုင်း(၅)ငါကအထက်ကလူ(ငါကအထက္ကလူ)

Start from the beginning
                                    

နောက်ဆုံးတော့ နေအဂ္ဂါ ကသာအလျှော့ပေးလိုက်ရသည်

"ဟုတ်ပြီ ဟုတ်ပြီ သွားကြမယ်ဒီနေ့"

တကယ်တော့ ထွဋ်ခေါင်ပြောတာမမှား ရိုက်ကူးရေးချိန်ကလွဲလျှင် နေအဂ္ဂါ စိတ်တွေတစ်ယောက်ယောက်ဆီ ပျံ့လွင့်နေတက်သည်။ နေအဂ္ဂါဘက တစ်ခုခုကိုအလေးအနက်တွေးတောနေတက်ချိန်တွင် စကားပြောဖို့သတိမရတော့။ တစ်ချိန်လုံး သူ့အာရုံထဲတွင် စိုးမိုးနေသည်က "ညဏ်းဧကရာဇ်"ဆီဘယ်လိုချည်းကပ်ရမလဲဆိုတဲ့ နည်းလမ်းပဲ။အသက် ဆယ့်ရှစ် ဆယ့်ကိုးလောက်သာရှိသေးမဲ့ကောင်လေးက သူ့ကိုဆိုရင် ရွယ်တူတွေလို မင်းနဲ့ငါဆိုပြီးသုံးနှုန်းတယ် ယဥ်ကျေးမှုမရှိလိုက်တာဆိုတာလုံးဝကိုအရိုင်းအစိုင်း​လေးအတိုင်းပဲဒါပေမဲ့ သူကအဲ့ဒါ​ကိုပဲကြွေနေမိပြန်ရော။အသက်က သူ့ထက်ခုနှစ်နှစ်ရှစ်နှစ်လောက်ကို ငယ်ပုံရပေမဲ့ ခြောက်ပေနီးပါးသူ့အရပ်ကို လယ်ဗယ်လိုက်နိုင်သည် ဒီကောင်လေးနောက်တစ်နှစ် နှစ်နှစ်လောက်ဆိုသူ့ကိုကျော်
သွားမှာမဟုတ်ဘူးလား။သူသူ့ကိုယ်သူမှန်ထဲပြန်ကြည့်ရင်း စိတ်ပျက်လက်ပျက်သက်ပြင်းချလိုက်မိသည်။
" နောက်တစ်ခါ ဘယ်တော့မှ အောက်အရာရှိမလုပ်ဘူး"သူခိုင်မာစွာဆုံးဖြတ်လိုက်ရင်း အခန်းအပြင်သို့ထွက်လိုက်တယ် ထွဋ်ခေါင်က တစ်ခုခုကိုအလေးအနက်ဆုံးဖြတ်ချက်ချလိုက်ပုံပေါ်တဲ့ သူ့မျက်လုံးတွေကြည့်ပြီး

"မင်းဘာအရူးထပြန်ပြီလဲ"

နေအဂ္ဂါ ကဘာမှပြန်မပြောပဲ တိုက်ပွဲပေါင်းရာချီကိုအောင်နိုင်သွားတဲ့ စစ်သူကြီးလိုအသွင်သဏ္ဍန်မျိူးဖြင့် ကားထဲသို့ကျော့ကျော့မော့မော့​လေး
ဝင်ထိုင်လိုက်တယ် သူတို့လှည့်ပတ်သွားလို့တစ်နေကုန်ပြီးတဲ့နောက်မှာ နေအဂ္ဂါ က လက်ဆောင်ပစ္စည်းအရောင်းဆိုင် တစ်ခုကိုဝင်လိုက်တယ် အ​ဖြူရောင်သိုးမွေးနဲ့လုပ်ထားတဲ့ မာဖလာလေးတစ်ခုဆီသူအကြည့်ရောက်သွားတယ် မာဖလာလေးကို ဖြူဖွေးသန့်စင်တဲ့ သူ့လက်ချောင်းလေးတွေနဲ့ ခပ်ဖွဖွလေးပွတ်သပ်နေတယ်။သိုးမွေးကသိပ်ကိုနူးညံပြီး နွေးထွေးလွန်းလို့သူ့နှုတ်ခမ်းဖျားလေးနှစ်စွန်း ကော့တက်သွားပြီး အဖြူရောင်မာဖလာလေးကိုထုတ်ပိုးပေးဖို့ ဆိုင်ရှင်ကိုပြောလိုက်တယ်။ တစ်လတိတိရိုက်ကူးရေးလုပ်ပြီးတဲ့နောက်မှာ နေအဂ္ဂါ အိမ်ပြန်ရောက်နေပြီဖြစ်သည်။သူက တစ်ရက်လောက်နားပြီးတဲ့နောက်မှာ အငှားယဥ်မောင်းတစ်ယောက်ကိုဖုန်းဆက်ခေါ်လိုက်ပြီး ကောင်လေးရှိမဲ့ တက္ကသိုလ်ဆီသို့မောင်းခိုင်းလိုက်သည်။ ကျောင်းကိုရောက်တဲ့အချိန်မှာ ကားသော့ကိုယူထားလိုက်ပြီး အငှားယဥ်မောင်းကို ပြန်ခိုင်းလိုက်သည်။ကောင်လေးက ဘယ်အခန်းမှာရှိတာလဲဆိုတာ သူမသိဘူး ဒါကြောင့် ပါချူပ်ရုံးခန်းဆီကိုသွားဖို့ပဲသူဆုံးဖြတ်လိုက်တယ် သူကိုယ်တိုင်ကလဲ ကျောင်းရဲ့ သံအမတ်ဆိုတော့ ဒီကိစ္စကအသေးအဖွဲပဲ ။ ပါချူပ်ကသူ့ကိုဝမ်းမြောက်ဝမ်းသာကြိုဆိုပြီးနောက် လူတစ်ယောက်ကိုလွှတ်၍ ကောင်လေးကိုခေါ်ခိုင်းလိုက်သည်။ထိုအခါမှ ကောင်လေးက အင်ဂျင်နီယာဌာနရဲ့ နောက်ဆုံးနှစ်ကျောင်းသားဆိုတာ သိသည်။ သိပ်မကြာခင်မှာပဲ ကောင်လေးကအေးတိအေးစက်မျက်နှာနဲ့ သူ့တို့ရှေ့ကိုရောက်လာတယ် သူ့မျက်နှာကိုမြင်ပြီးတဲ့နောက်မှာ ကောင်လေးရဲ့ မျက်နှာကခတ်ထန်လာခဲ့တယ် ထိုမျက်နှာအမူအယာအား ပါချူပ်မရိပ်မိခင်မှာပင် သူကထိုကောင်လေးကိုအခန်းအပြင်သို့ခေါ်ထုတ်လိုက်တယ်

Before I Fall You[Completed]Where stories live. Discover now