CHAPTER 14- It is okay to scold me, but not to scold my fans

Start from the beginning
                                    

ချန်းစုန့်ကသူ့ကိုကြည့်ရင်း မျက်လုံးတွေကနည်းနည်းတောက်ပလာပီး တွေးဆဆ​နဲ့ပြောလာတယ် "သူငယ်ချင်းတွေကတစ်ယောက်နဲ့တစ်ယောက်ယဥ်ကျေးနေရင် ဝေးကွာလွန်းတယ်လို့ခံစားရတယ် ငါတို့ကတစ်ယောက်နဲ့တစ်ယောက်သိတာလဲကြာပီ ဒါပေမဲ့မင်းကသာမန်မိတ်ဆွေဆိုတဲ့ခံစားချက်မျိုးငါ့ကိုပေးတယ်"

စုန့်ရီလန့်သွားပီးနည်းနည်းလဲအံ့ဩသွားတယ် "အဲ့တာကအဲ့လိုမျိုးတွေရှိတယ်လား?"

"မင်းကိုအရင်တုန်းကဘယ်သူမှမပြောဖူးဘူးလား?"

"ဟင့်အင်း" စုန့်ရီသိတဲ့သူငယ်ချင်းတွေအားလုံးကစုန့်ရီကိုသဘောကျကြပါတယ်။

ချန်းစုန့်ကရယ်လိုက်​တယ် "ထားပါ​တော့ မနေ့ညကမင်းတို့ဘယ်လိုလဲ?"

စုန့်ရီကရယ်လိုက်ပီး လေးလံတဲ့တစ်ခုကိုရှောင်လိုက်တယ် "Frence အသင်းကနိုင်ခဲ့တယ် Mbappé ရဲ့ဂိုးကတအားလန်းတယ်!"

ချန်းစုန့်ကတွန့်ဆုတ်ဆုတ်နဲ့ပဲ လက်ဖက်ရည်ကောက်ကိုင်လိုက်ပီး တစ်ငုံသောက်လိုက်တယ် "ငါကတကယ်တော့ မင်းနဲ့ကုရှင်ချွမ်းအကြောင်းကိုပိုသိချင်တာ"

"ကျွန်တော်တို့အကြောင်းကိုသိချင်တာ?" စုန့်ရီနည်းနည်းတော့အပြစ်ရှိသလိုပဲ။

ချန်းစုန့်ကခေါင်းညိမ့်လိုက်ပီး စုန့်ရီကိုအပြုံးတစ်ခုနဲ့ကြည့်ရင်းပြောလာတယ် "သူကမင်းကိုစိတ်ဝင်စားနေတယ်လို့ငါထင်တယ်"

စုန့်ရီလန့်သွားတယ်။ ကမ်းခြေမြို့လေးရဲ့လေပူတွေကြားထဲမှာ ချွေးအေးတွေတောင်ထွက်လာသလိုပဲ "ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ? မင်းအထင်လွဲနေပီ!"

ကြားထဲမှာဖြစ်ပျက်ခဲ့တာတွေကိုအသာထားလိုက်အုံး ကုရှင်ချွမ်းဆိုတာ heterosexual အဖြောင့်ကောင်ကြီး။ ရှန်းလီအပေါ်ထားတဲ့သူ့ရဲ့နှလုံးသားကနေလိုလလိုထင်ရှားနေတာ။ မျက်စိကန်းနေတဲ့လူတွေကတောင် စုန့်ရီလို alpha ကိုကြိုက်မှာမဟုတ်မှန်းသိကြတယ်။

"ဒါကဒီတိုင်းငါခံစားမိတာပါ" ချန်းစုန့်ကတည်တည်ငြိမ်ငြိမ်နဲ့ပဲခေါင်းခါခိုက်တယ် "အထင်လွဲတာဖြစ်ဖို့ပဲမျှော်လင့်တယ် တကယ်တော့မင်းရဲ့ schedule က 'The Era of Passionate Love' မဟုတ်ဘူး အဲ့တာက ဘုတ်အဖွဲ့ကဒါရိုက်တာတွေဆီကနေတိုက်ရိုက်ကျလာတာ အာ့ကြောင့်မို့ငါမသိရတာ ဘုတ်အဖွဲ့ကဒါရိုက်တာတွေကိုတိုက်ရိုက်အမိန့်ပေးနိုင်တဲ့သူဆိုတော့ ငါလဲကုရှင်ချွမ်းကိုပဲတွေးမိလို့"

အချစ်ပြိုင်ဘက်နှင့်အချစ်အိမ်လေးတည်ဆောက်ခြင်း [ဘာသာပြန်]Where stories live. Discover now