အိုမီဂါတစ်ယောက်အတွက် မျိုးဆက်ကိုမွေးဖွားပေးဖို့မတတ်နိုင်တဲ့အခါ ပတ်ဝန်းကျင်၏ ဖယ်ကြဉ်ခြင်းကိုလည်း ခံရသည်။ ယခု ယန်ယိကတော့ ပတ်ဝန်းကျင်၏ဖယ်ကြဉ်ခြင်းထက် ပိုဆိုးသော မြိုင်ကျချိန်အား တစ်ယောက်တည်း ရင်ဆိုင်နေရသည်။

အမြတ်တနိုးတန်ဖိုးထာသည်ဟု သတ်မှတ်ခံရသော အရုပ်လေးတွေက အမှန်တော့ အချိန်ကန့်သတ်ချက်တွေရှိနေပြီး ရာသီတွေ အလီလီကုန်ဆုံးပြီးသည်နှင့် ပြောင်းလဲသွားသည့် သခင်၏စိတ်အပေါ်မူတည်၍ စွန့်ပစ်ခြင်းကို ခံကြရသည်။ ဘယ်တော့မှ ထပ်ပြီးအသုံးပြုတော့မှာ မဟုတ်သည့် ခံစားချက်နှင့် ချောင်တွင်ထိုးထားသော အရုပ်လေးတစ်ရုပ်အား ဗလာကျင်းနေသော ခံစားချက်ဖြင့် ငေးကြည့်လိုက်သလို ယန်ယိက သူ့လက်သူကြွယ်တွင် ဝတ်ဆင်ထားသော လက်စွပ်အား ငုံ့ကြည့်လိုက်သည်။

လေပြေလေးတွေ ဖြည်းဖြည်းချင်း တိုးတိုက်လာသလို . အတိတ်ကိုလည်း တသသဖြစ်မိသည်။

တစ်ချိန်တုန်းက ကမ္ဘာမြေပေါ်မှာ အကျော်ကြားဆုံးအိုမီဂါတစ်ယောက်ဖြစ်ခဲ့စဉ်က လှပပြီး နူးညံ့သော အသွင်အပြင်ရှိပေမယ့် အိပ်ရာထက်မှာတော့ ပြင်းပြစွာအော်ဟစ်တတ်ခဲ့ကာ သူ့ရဲ့ ကိုယ်ခန္ဓာကြံ့ခိုင်မှုကလည်း အံ့ဩစရာကောင်းခဲ့သည်။ အဆုံးမရှိတဲ့ တစ်ညလုံးစာအတွက် ဆန္ဒပြင်းပြနေသော သားရဲတစ်ကောင်လို သူ့မှာ ခံနိုင်ရည်အားတွေ ရှိနေသည်။

လွန်ခဲ့တဲ့ ဆယ်နှစ်တုန်းက လုရှန်းကျင်က ရွှေတြိဂံ နယ်မြေတွင်နေထိုင်ခဲ့ပြီး ထိုအချိန်က ဒီအိုမီဂါလေးကို သူ့ရဲ့ စစ်မှန်တဲ့လက်တွဲဖော်အဖြစ် သတ်မှတ်ပြီး အတူနေထိုင်ဖို့ဆုံးဖြတ်ခဲ့သည်။

လုရှန်းကျင်က သိပ်ကိုနူးညံ့သည်။ သူ့ရဲ့ စစ်မှန်သောလက်တွဲဖော်၏ လည်ပင်းအနောက်က အမွှေးကျိတ်လေးအပေါ်သွားရာထင်စေပြီး စူးရှစွာပျံ့နှံ့လာသည့် ဟော်လ်မုန်းများအား ယန်ယိ၏ ကိုယ်အတွင်းသို့ ပျံ့နှံ့စေခဲ့သည်။ ထိုအခိုက်အတန့်အချိန်လေး၌ သူဟာ သာမန်သက်တော်စောင့် တစ်ယောက်သာဖြစ်မှန်း သိပေမယ့် ယန်ယိကတော့ လုရှန်းကျင်အပေါ် ဘဝတစ်လျှောက်လုံးစာအတွက် အချစ်တွေပုံပေးလိုက်ဖို့ ဆန္ဒရှိခဲ့သည်။

Lop_Eared Guard (နားရွက်ကျလေးနဲ့ သက်တော်စောင့်)Место, где живут истории. Откройте их для себя