အချိန်​တွေ ရပ်​တန့်​သွားတယ်​ဆိုတာ ဒါမျိုးလား။ ဝဲဘက်​ရင်​အုံ တစ်​နေရာက အဆက်​မပြတ်​ကြား​နေရတဲ့အသံက ရိ​ပေါ်ရဲ့ ရင်​ခုန်​သံများလား။ အခုရိ​ပေါ်က​ယောကျာင်း​လေးတစ်​ယောက်​ကြောင့်​ ရင်​ခုန်​သံ​တွေ မြန်​နေတာလား။ ထူးဆန်းလိုက်​တာ...

ရိ​ပေါ်တစ်​ယောက်​ထဲ အ​တွေးလွန်​နေတုန်း ကျင်းဟိုင်​ကောက​ရောက်​လာပြီး ရိ​ပေါ်ကို မြင်​တော့ သူ့ကုတ်​အင်္ကျီကို ရိ​ပေါ်ကိုယ်​ပေါ် ခြုံ​ပေးရင်း ကား​ပေါ်​ခေါ်လာတဲ့အထိ ရိ​ပေါ် အ​တွေးကမ္ဘာထဲ နစ်​မြော​နေတုန်း။ နာမည်​လေး​တောင်​မ​မေးလိုက်​ရဘူးမဟုတ်​လား။

ရိ​ပေါ်မိုးမိပြီး ဖျားသွားတာ​ကြောင့်​ ကျင်းဟိုင်​ကောက စိတ်​မ​ကောင်းဖြစ်​ပြီး ရိ​ပေါ်ကို တဖွဖွ​တောင်းပန်​သည်​။ ရိ​ပေါ်အ​နေနဲ့က​တော့ ကျင်းဟိုင်​ကော အလုပ်​များပြီး ဦး​လေးကျိုးကို ဖုန်းဆက်​ဖို့​မေ့သွားတာကို​တောင်​ကျေးဇူးတင်​မိသည်​။ မဟုတ်​ရင်​ရိ​ပေါ် ထိုလူနဲ့​တွေ့ခွင့်​ရမှာ မဟုတ်​ဘူး​လေ။ အခန်း​ထောင့်​မှာ​ထောင်​ထားတဲ့ ထီးအဝါ​လေးကို အကြည့်​ပို့မိ​တော့ ရိ​ပေါ် နှုတ်​ခမ်းတို့က အလိုလို အ​ပေါ်ဘက်​ကို တွန့်​ချိုးသွားရသည်​။ ကျွန်​တော်​ခင်​ဗျားကို သတိရတယ်​ဆို လွန်​ရာကျမလား...ကိုကို.....

နေ​ကောင်းလို့​ကျောင်းပြန်​တက်​တဲ့အခါ​ ​ကျောင်းဆင်းချိန်​တိုင်း ရိ​ပေါ်​လေးက ထီးအဝါ​လေးကိုင်​ပြီး​ ဂိမ်းဆိုင်​နားကို မ​ယောင်​မလည်​နဲ့​ရောက်​သွား​တတ်​လေ့ရှိသည်​။ အနီးအနားက လူ​တွေကို​မေးကြည့်​တော့လည်း နှုတ်​ခမ်း​အောက်​နားမှာ မှည့်​လေးတစ်​လုံးပါပြီး ရုပ်​ချောတယ်​ဆိုတာထက်​ပိုမ​ပြောတတ်​တဲ့ ရိ​ပေါ်​လေး​ကြောင့်​ တစ်​လ​ကြာတဲ့အထိ အစအနပင်​ရှာမ​တွေ့ဖြစ်​နေ​လေသည်​။

"ရိ​ပေါ် ငါ့အကိုတစ်​ဝမ်းကွဲဆီကို မားထည့်​ပေးလိုက်​တဲ့ အရံဟင်း​လေး​တွေ သွားပို့ချင်​လို့ အ​ဖော်​လိုက်​ခဲ့​ပေးကွာ"

စကားနည်းလွန်းတဲ့ ရိ​ပေါ်ရဲ့ ရှားရှားပါးပါး တစ်​ဦးထဲ​သော သူငယ်​ချင်း ဖြစ်​သူ​ကောချန်​က အကူအညီ​တောင်းလာတာမို့ ရိ​ပေါ်ငြင်းမ​နေ​တော့ပဲ လိုက်​လာခဲ့လိုက်​သည်​။ကောချန်​အကိုရဲ့ တက္ကသိုလ်​က ရိ​ပေါ်တို့ အထက်​တန်း​ကျောင်းနဲ့ တစ်​မှတ်​တိုင်​အကွာ​လောက်​မှာ ရှိတာ​ကြောင့်​လမ်း​လျှောက်​ပြီးသာ လာလိုက်​သည်​။

Dear My Ex-crush[Completed]Where stories live. Discover now