အပိုင်း(၄)ငါတော့ချစ်မိသွားပြီထင်တယ်

Start from the beginning
                                    

နေအဂ္ဂါ   ကထွက်ခွာသွားသောကျောပြင်အားအချိန်အကြာကြီးကြည့်နေမိပြီး သူ့နှုတ်ခမ်းမှ ခပ်တိုးတိုးရေရွတ်လိုက်သည်

"ညဏ်းဧကရာဇ်...... ညဏ်းဧကရာဇ်တဲ့လား"

ပြီးနောက် သူ့ဖုန်းကိုရှာလိုက်ပြီး ထွဍ်ခေါင်ဆီဆက်သွယ်လိုက်သည်

"ထွဋ်ခေါင် ငါ့ကိုHeavenရှေ့မှာလာခေါ် ပေး"

"အခုချက်ချင်း"

ထွဋ်ခေါင် ရောက်လာသည့်အချိန်တွင် နေအဂ္ဂါ
သည် သူ၏maskကိုဝတ်ဆင်ထားပြီး လူသွားလမ်းပလက်ဖောင်းပေါ်တွင် ကုပ်ကုပ်လေးထိုင်နေသည်အား တွေ့လိုက်ရသည် ထွဋ်ခေါင်က ကားဟွန်းတီးလိုက်ရင်း

"အခုတလော လမ်းဘေးမှာထိုင်ရတာကို အတော်လေးခရေဇီဖြစ်နေလား"ဟု ခပ်ရွဲ့ရွဲ့အော်ပြောလာသည်။

နေအဂ္ဂါ  က ဘာမှပြန်မပြော နှေးတိနှေးကန်ဖြင့်လမ်းလျှောက်လာရင်း ကားပေါ်တက်လိုက်သည်

"ငါမသိအောင်အပြင်ခိုးထွက်ရတာပျော်ဖို့ကောင်းလား"

"ငါဖျားနေတယ် မင်းနဲ့ငြင်းဖို့အားမရှိဘူး အိမ်ရောက်အောင်သာမြန်မြန်မောင်းပါ"

ထွဋ်ခေါင် သက်ပြင်းချရင်းကားစက်နှိုးလိုက်တယ်

သူ၏နေအိမ်ရှိ ကားပါကင်သို့ရောက်တဲ့အခါ နေအဂ္ဂါ အိပ်မောကျနေပြီး ဖြူဖျော့နေတဲ့ မျက်နှာကြောင့် ထွဍ်ခေါင်အတော်လေးစိတ်ပူသွားရတယ်

"အဂ္ဂါ ထတော့အိမ်ပြန်ရောက်နေပြီ မင်းတကယ်နေမကောင်းဖြစ်နေတာလား အရမ်းအခြေအနေဆိုးရင် ငါဆေးရုံကိုပြန်မောင်းလိုက်မယ်"

"မလိုဘူးရတယ် ငါနည်းနည်းခေါင်းမူးနေရုံပဲ"

ထွဋ်ခေါင်အကူအညီဖြင့် သူ့အိပ်ယာပေါ်သို့တက်လိုက်ရင်း သူ့စိတ်ကိုလွှတ်ချလိုက်သည် သူအိပ်မပျော်ခင်အချိန်လေးတွင်ကြားလိုက်ရသည်က
"မင်းနိုးလာရင် ငါ့ကိုအကြောင်းပြချက်ကောင်းကောင်းပေးဖို့ပြင်ထား"ဟူသည့် ထွဋ်ခေါင်၏ အသံပင်။

သူပြန်နိုးလာတဲ့အချိန်မှာ သူကြိုက်တဲ့အနံ့မွှေးမွှေးလေးတစ်ခုကိုရတာကြောင့်
ဖြည်းဖြည်းချင်းမီးဖိုချောင်ထဲကို ဝင်လာလိုက်သည်  ထွဋ်ခေါင်ကသူ့အတွက် ချက်ပြုတ်နေတာဖြစ်ပြီးသူ့အရိပ်ကိုမြင်သည်နှင့်" ဧည့်ခန်းထဲကစောင့်"ဟု ခပ်တင်းတင်းအသံနှင့်ပြောလာသည်။အပြစ်လုပ်ထားတာကသူဖြစ်တာကြောင့် သူဘာမှပြန်မပြောပဲ ဧည့်ခန်းထဲတွင်သာငြိမ်ငြိမ်လေးထိုင်နေလိုက်သည်။ ခဏအကြာတွင် ထွဋ်ခေါင်က ဆန်ပြုတ်ပူပူနွေးနွေးတစ်ခွက်ကို သူ့ရှေ့တွင်ချလာပေးရင်းသူ့ကိုခပ်တည်တည်စိုက်ကြည့်နေတာကြောင့်သူ ဆန်ပြုတ်သောက်နေရာမှသီးသွားရသည်။ ထွဋ်ခေါင် ကတစ်ရှူးတစ်ရွက်ကိုကမ်းပေးရင်း ပြောလာသည်

Before I Fall You[Completed]Where stories live. Discover now