part 2

24.9K 1.7K 78
                                    

My vicious Boss(Zawgi)

ခနနေတော့ ကြီးမေဆိုသူရောက်လာပြီး အိမ်အကြောင်းတွေ ဉီးဟိန်းကြိုက်တာတွေ မကြိုက်တာတွေပြောပြသည်

"ဒေါက် ဒေါက်"
"၀င်လာခဲ့"

ရှိန်းစစ်ဝင်လာခြင်း မြင်လိုက်ရတဲ့မြင်ကွင်းကြောင့် လန့်ကာထအော်မိသည်
"အား..."

"ဘာဖြစ်တာလဲ"
ဉီးဟိန်းအမေးကို ရှိန်းစစ် အထစ်ထစ်ဖြင့် ပြန်ဖြေလိုက်သည်က
"Boss ဟာကြီးတွေကို လုံ လုံအောင်ဖုံးထားလေဗျာ"
တဲ့ ဗုဒ္ဓေါ ရေချိုးပြီး အောက်ပိုင်းကိုသပတ်နဲ့ဖုံးထားတာပဲလေဗျာ ဘာကိုထပ်ဖုံးရမတုန်း😑
ဒီကလေး နောက်နေတာလား

ဉီးဟိန်းမျက်မှောင်ကြုံ့ကာ
"ရှက်နေရအောင် မင်းက မိန်းမလား လာငါ့ကိုခေါင်းလာသုတ်ပေး"
ဉီးဟိန်းအော်လိုက်မှ လက်ထဲက အထုပ်အပိုးတွေချကာ ဉီးဟိန်းကို ခေါင်းသုတ်ပေးနေသည်

"ဝါး မထင်ရဘူး ဆံသားလေးတွေက နူးညံ့နေတာပဲ"
"မင်းကြိုက်လို့လား"
"omm ရှိန်း ရေချိုးပြီးရင်လည်း မေမေက ခေါင်းသုတ်ပေးနေကြ"
"မင်းမေမေရော"
"..............."
တိတ်ဆိတ်သွားတဲ့ အသံလေးကြောင့် ဉီးဟိန်းလန့်သွားကာ
"ဟို ငါကဒီတိုင်းမေးလိုက်တာ မင်းမဖြေချင်လည်းရတယ်"
"မဟုတ်ပါဘူး ရပါတယ် ရှိန်းခုထိလက်မခံနိုင်သေးလို့ပါ"
"ဘာကိုလဲ"
"ရှိန်းမေမေက ရှိန်းရှေ့မှာတင် မိုင်းနင်းပြီးဆုံးသွားလေ"
ပြောရင်း ငိုသံသဲ့သဲ့လေးထွက်လာတဲ့ အသံလေးကြောင့်
"ထိုင်နေရာမှထကာ ဖက်လိုက်ရင်း ငိုချင်ငိုချလိုက် ကိုယ်ရှိတယ်"
ထိုအခါမှ ခါးကိုဖက်ကာ ရှိက်ကြီးတငင်ငိုနေသော ကောင်လေး
"ငီး.....အဟင့် ရွှတ်...ရှိန်း မေမေ့ကို လွမ်းတယ်
ရှိန်းမှာ ငယ်ငယ်လေးထဲက မေမေပဲရှိတာ အဟင့်.... ရှိန်းဖေဖေက လည်းရှိန်းကို မချစ်လို့ငယ်ငယ်ပြစ်ထားတယ် ရှိန်းမသိအောင် မေမေ့ကိုလာခေါ်တာကိုလည်း ရှိန်းသိတယ် ကျောင်းမှာလည်း ဘယ်သူမှ ရှိန်းကိုစကားမပြောကြဘူး အခြောက်ဆိုပြီးတော့လည်း လှောင်တယ် ရှိန်းတစ်ယောက်ထဲ အမြဲတမ်းရှိန်းတစ်ယောက်ထဲပဲ ငီး...."

"ပိုတိုးလို့ငိုလာတဲ့ကလေးကို ပိုမိုတင်းကြပ်စွာ ဖတ်ထားရင်း ဉီးဟိန်းငယ်ငယ်က အထီးကျန်ဆန်ခဲ့တဲ့အဖြစ်ပျက်တွေ မိဘရင်းတွေသစ္စာဖောက်တာခံလိုက်ရတာတွေ နှိပ်ဆက်ခံရတဲ့အဖြစ်ပျက်တွေပေါ်လာသည်ကို မျက်လုံးမှိတ်ကာ ဖတ်ထားတဲ့ကလေးရဲ့ ကိုယ်သင်းနံ့လေးကိုရှူကာ မေ့ပြစ်လိုက်သည်"

My vicious bossTahanan ng mga kuwento. Tumuklas ngayon