ကောင်လေးက အမဲရောင်ဆိုင်ကယ်စီး ဦးထုပ်ကိုဆောင်းထားပြီး သူ့ရဲ့ သွယ်လျသော ကျောရိုးကောက်ကြောင်းမှာ ရေလှိုင်းလေး နွဲ့နောင်းနေသကဲ့သို့ စွဲမက်စရာကောင်းလှသည်။ အယ်လ်ဖာတစ်ယောက်အနေဖြင့် လည်ပင်းတွင်ဝတ်ထားသော စတီးပတ်ကိုကြည့်ပြီး သူက လည်ပင်းက ဟော်လ်မုန်းအကျိတ်ကို ကာကွယ်ဖို့ စတီးပတ်ဝတ်ထားသည်ဟု သိနိုင်သည်။

ထိုကဲ့သို့ စတီးပတ်ဝတ်ထားခြင်းအပေါ် အယ်လ်ဖာက အထင်အမြင်သေးသည်။ ထိုစတီးပတ်တွေက ကြည့်ရုံနဲ့တင် အကောင်းဆုံးစတီးနဲ့ပြုလုပ်ထားပြီး ခိုင်ခံ့ကာ လည်ပင်းတွင်ရှိသော အထိအခိုက်မခံနိုင်သည့် အားနည်းသောနေရာလေးအား အပြည့်အဝကာကွယ်ပေးထားမှန်း သိသာစေသည်။

သို့ပေမယ့် ထိုကဲ့သို့ လည်ပင်းက ချိုမြသောအမွှေးကျိတ်လေးအား ကာကွယ်ဖို့ ဝတ်ဆင်ထားသည်ဟုဆိုသော်လည်း လေထုတစ်ခုလုံးအား လွှမ်းမိုနေသည့် ရနံ့သင်းသင်းလေးကိုတော့ မထုတ်လွှတ်ဖို့ မတားဆီးနိုင်ပေ။

ထိုရနံ့က နူးညံ့ပြီး ချိုမြသည်။ အချိုမုန့်ကို နူးညံ့ခြင်းနှင့်ချိုမြခြင်းတို့ အချိုးကျပေါင်းစပ်ထားသည်ဟုထင်ရစေသည်။ ထိုရနံ့အား ရှူရှိုက်မိသည့် အယ်လ်ဖာများအား မြည်းစမ်းကြည့်ဖို့ ဆွဲဆောင်နေပြီး ထိုနူးညံ့မှုနှင့် ချိုမြမှုတို့ကို ပေါင်းစပ်ကာ ခံစားမိသည့် တစ်ခနက အပူချိန်အမြင့်ဆုံးဖြင့် ဆူပွတ်လာသည့် ရေနွေးလို ခန္ဓာကိုယ်ထဲမှ သွေးတို့အား ပွတ်ပွတ်ဆူနေစေသည်။

မျက်ဝန်းအကြည့်တို့က တစ်ချို့သောအယ်လ်ဖာများတွင်သာ တွေ့ရတတ်သော သွေးကြောမျှင်များနှင့် ဆာလောင်နေသည့် ဝံပုလွေက အသတ်ခံရတော့မှာကို မသိပဲ မြောက်ကြွနေသော သိုးငယ်ကို စူးစိုက်ကြည့်နေသကဲ့သို့ ဖြစ်နေသည်။ အလိုရမက်တို့ပြည့်နေသော ထိုမျက်ဝန်း၏ အရောင်ကိုသာ မြင်နိုင်မည်ဆိုလျှင် သေချာပေါက် အစိမ်းရောင်တောက်တောက် ဖြစ်နေလိမ့်မည်။

'ကြည့်ရတာ သူက အိုမီဂါ ထင်တယ်'

ချိုမြတဲ့ ဟော်လ်မုန်းတွေနဲ့ အိုမီဂါက အခု သူတို့ရှေ့မှာ ရပ်နေတယ်။ ထို့အိုမီဂါ၏ရနံ့က သကြားရည်ထဲနှစ်ထားတဲ့ အဖြူရောင်နို့သကြားလုံးလေးလိုပင် . ချိုမြမှုသည် အတိုင်းအဆမဲ့နေပြီး ယခုထိ အမှတ်အသားပင်မရှိသေးသော ဤကဲ့သို့ ဆွဲဆောင်မှုရှိလွန်းသည့် အိုမီဂါ၏ ဆွဲဆောင်မှုမှ လွတ်မြောက်နိုင်ဖို့လည်း မတတ်နိုင်ချေ။

Lop_Eared Guard (နားရွက်ကျလေးနဲ့ သက်တော်စောင့်)Место, где живут истории. Откройте их для себя