Part - 1

153 7 5
                                        

မွေးဖွားလာတဲ့အချိန်ကစပြီး ဒီနေ့ဒီအချိန်ထိ မိဘတွေရဲ့ထိန်းချုပ်မှုကိုမလွန်ဆန်နိုင်ခဲ့တဲ့ ကျွန်တော့်အတွက် ၂၈ နှစ်တာကာလလုံးဟာ ခံစားချက်ကင်းမဲ့နေခဲ့တယ်။ တစ်ဦးတည်းသောသားဖြစ်တဲ့ ကျွန်တော်ဟာ မိသားစုလုပ်ငန်းကြောင့် ဝါသနာပါရာ ပန်းချီပညာကိုကျောခိုင်းလို့ Interior Design Engineer ဆိုတဲ့ဘွဲ့ကို မျက်စိစုံမှိတ်ပြီး ယူခဲ့ရတယ်။

ကျွန်တော်က ပန်းချီတွေကိုချစ်တယ်။ သူတို့တွေက စကားမပြောတတ်ကြပေမယ့် ကျွန်တော့်ကိုခံစားချက်တွေအများကြီးပေးနိုင်တယ်။ ကာလာစုံဆွဲချက်တွေကြားမှာ ကျွန်တော်ပြောမထွက်ခဲ့တဲ့ စကားလုံးတွေရှိတယ်။ စိတ်ပင်ပန်းလာတဲ့အချိန်တိုင်း Canvas ပေါ် စုတ်တံချမိတယ်။

အမိန့်ဆန်တဲ့စကားလုံးတွေကြားမှာပဲ ရှင်သန်ခဲ့ရတော့ ဘ၀ကြီးက စိတ်ကုန်ချင်စရာအတိဖြစ်လာတယ်။ ကျွန်တော့်မိဘတွေက အတ္တကြီးတယ်။ သူတို့ပြောတဲ့ ကျွန်တော့်အတွက်အကောင်းဆုံးဆိုတဲ့ လမ်းတွေတိုင်းမှာ ကျွန်တော့်ရဲ့ပျော်ရွှင်ခြင်းတွေ ပျောက်ဆုံးခဲ့ရတယ်။ လူငယ်တစ်ယောက်ဖြစ်ပေမယ့် လူငယ်တိုင်းရနေကြတဲ့ ပျော်ရွှင်မှု ၊ လွတ်လပ်ခွင့်နဲ့ ရွေးချယ်ပိုင်ခွင့်တွေက ကျွန်တော့်ဆီကို ယောင်မှားပြီးတောင် ရောက်မလာခဲ့ကြဘူး။

မင်္ဂလာခန်းမထဲ ဖခင်လက်ကိုချိတ်လို့ဝင်ရောက်လာတဲ့ သူမဟာလည်း ကျွန်တော့်နည်းတူ သူ့ဘ၀ကို စိတ်ကုန်နေပုံပါပဲ။ အရယ်အပြုံးမရှိတဲ့ သတို့သားနဲ့ သတို့သမီးကို ဖာသာက နားမလည်သလိုတစ်ချက်ကြည့်တယ်။ နောက်တော့ သူလုပ်ရမယ့်အလုပ်ကိုစပြီးလုပ်တယ်။

"သတို့သား WuYiFan သည် သတို့သမီး NangLee အား နာဖျားသည်ဖြစ်စေ ၊ ကျန်းမာသည်ဖြစ်စေ အချိန်တိုင်း ဂရုစိုက်ပေးပြီး လင်ယောက်ျားတာဝန်ကျေပွန်ပါမည်ဟု ကတိသစ္စာပြုပါသည်လော..."

"ကတိသစ္စာပြုပါသည်"

"သတို့သမီး NangLee သည် သတို့သား WuYiFan အား နာဖျားသည်ဖြစ်စေ ၊ ကျန်းမာသည်ဖြစ်စေ အချိန်တိုင်း ဂရုစိုက်ပေးပြီး ဇနီးမယားတာဝန်ကျေပွန်ပါမည်ဟု ကတိသစ္စာပြုပါသည်လော..."

Piège d'amour (Love Trap)Stories to obsess over. Discover now