CHAPTER 10 - The Adulterer Sees Adultery

Mulai dari awal
                                    

ကုရှင်ချွမ်းကတော့ မခြားမနားပြန်ပြောလာတယ် "ကြောင်သူတော်"

စုန့်ရီကမျက်လုံးတွေကိုမှေး​ကျဥ်းလိုက်ပီး တည်ငြိမ်တဲ့အမူအရာနဲ့ပဲ ဘာမှမကြားလိုက်ရဟန်ဆောင်လိုက်တယ် "ဆူးယာ မင်းရဲ့ပူတင်းအတွက်ကျေးဇူးတင်ပါတယ် နောက်တစ်ခါလဲထပ်စားရဖို့ကျွန်တော်မျှော်လင့်မိပါတယ်"

ဝမ်ဆူးယာကဖွဖွလေးပြုံးလိုက်ပီး ကုရှင်ချွမ်းကိုသတိထားပီးကြည့်လိုက်တယ်။ ကုရှင်ချွမ်းသူ့အကြည့်ကိုခံစားမိပုံရတယ်။ သူကလက်​မြှောက်ပီး ဦးထုပ်ကိုပင့်လိုက်တယ်။ သူဝမ်ဆူးယာကို သာမန်ကာလျှံကာပဲကြည့်လိုက်တယ်။ ကုရှင်ချွမ်းကဝမ်ဆူးယာရဲ့အင်္ကျီလည်ပင်းကိုကြည့်လိုက်ပီး အကြည့်တွေကတဖြည်းဖြည်းအောက်ဆင်းသွားတယ်။

"မင်းကအတော်လေးမျှော်လင့်နေတာပဲ" ကုရှင်ချွမ်းကနတ်ဆိုးဆန်ဆန်ပြုံးလိုက်တယ်။

ဝမ်ဆူးယာကမသက်မသာထလိုက်ပီး သူ့လက်တွေကိုဆန့်ထုတ်ပီး အင်္ကျီကိုဆွဲချင်ပေမဲ့လဲမဆွဲရဲဖြစ်နေရတယ်။ သူသက်ပြင်းချလိုက်ပီး စုန့်ရီကိုနှုတ်ဆက်စကားပြောပီး ကြောက်လန့်တကြားထွက်သွားတော့တယ်။

ဒီလိုမိန်းမလှလေးတစ်ယောက်ကြောက်လန့်သွားပေမဲ့ စုန့်ရီဒေါသအထွက်ကြီးလဲမဟူတ်ပါဘူး။ မနေ့ညကသူအရမ်းထိသွားတယ်မလား "မင်းမိန်းကလေးတစ်ယောက်ကိုယဥ်ယဥ်ကျေးကျေးပြောလို့မရဘူးလား? မင်းသူ့ကိုလှန့်လိုက်တာကိုမင်းဘယ်လိုများတွေးမိလဲ?"

ကုရှင်ချွမ်းကရယ်လိုက်တယ် "ငါပျော်တယ်လေ သူမမှာရင်ဘတ်ကြီးကြီးတွေရှိတယ် မင်းမကြိုက်ဘူးလား?"

ဝမ်ဆူးယာရဲ့ရင်ဘတ်ကကြီးလားမကြီးလားသူမသိဘူး။ သူကအရမ်းရိုးသားတယ်။ သူကomega အမျိုးသမီးတွေနဲ့စကားပြောရင် မကြည့်သင့်တဲ့နေရာတွေကိုဘယ်တော့မှ လိုက်မကြည့်ဘူး။ "မင်းကလူတိုင်းကိုမင်းလိုပဲရိုင်းရိုင်းစိုင်းဆက်ဆံတယ်"

"မင်းကမရိုင်းစိုင်းပါဘူး ဒါနဲ့မင်းသူနဲ့ဘာပြောနေတာလဲ?" ကုရှင်ချွမ်းကမျက်ခုံးပင့်လိုက်တယ်။

စုန့်ရီကသူ့ကိုစိုက်ကြည့်လာတယ် "ငါလဲပျော်လို့လေ မင်းအရမ်းများသွားပီမထင်ဘူးလား ငါတို့ဆက်ဆံရေးကဒီလိုမေးရမဲ့အခြေအနေအထိမရောက်သေးဘူး "

အချစ်ပြိုင်ဘက်နှင့်အချစ်အိမ်လေးတည်ဆောက်ခြင်း [ဘာသာပြန်]Tempat cerita menjadi hidup. Temukan sekarang