အမနှစ်ယောက်ကိုအပူကပ်ပြီးတာနဲ့
အဘိုးအိမ်မပြန်ပဲ ကိုယ့်အိမ်ကိုသာပြန်လာလိုက်သည်။
ဒီကိစ္စကဘယ်သူမှသဘောတူတာမဟုတ်။
ဆရာဝန်ကြီးတွေပြောစကားအရတော့
ကျွန်တော်ကကိုယ်ဝန်ဆောင်နိုင်ချေ
ရာခိုင်နှုန်းများတယ်တဲ့။

*************

"ဟဲလို....ဂျွန်"

"ဘေဘီကိုယ်မနက်ဖြန်ပြန်လာမှာ
ဘာမှာအုံးမလဲ"

"ဘာမှမမှာတော့ပါဘူး မြန်မြန်ပြန်လာခဲ့ ကျွန်တော်အိမ်ပြန်ရောက်နေပြီ"

ဘယ်အချိန်ထဲကအိမ်ပြန်နေတယ်မသိ။
တစ်ယောက်တည်းစိတ်မချလို့သူ့အဘိုးအိမ်ပို့ခဲ့တာကိုဘေဘီကတော့ပြောစကားကနားမထောင်။

"ဘေဘီကွာ....ကိုယ်ပြောတာကို
တစ်စက်လေးမှနားမထောင်ဘူးပဲ"

"ဟီး.....ချစ်တယ်လေ ပြန်လာခဲ့တော့"

ဂျပန်ရောက်ပြီး5ရက်မြောက်နေ့မှာ
ဂျွန်ကပြန်လာမယ်လို့ပြောလာသည်။
အခုရက်တွေမှာဂျွန်ကိုဖုန်းမဆက်ဖြစ်။
ကလေးကိုဘယ်လိုပြုစုစောင့်ရှောက်ရမလဲသာရှာဖွေပြီးဖတ်နေမိသည်။
စောင်ရန်ရှောင်ရန်တွေကလည်းများသား။

"ဘေဘီနော် ကိုယ့်ကိုတောင်ဖုန်းမဆက်ဘူး"

"ဂျွန်အလုပ်ရှုပ်နေမှာစိုးတာနဲ့
မဆက်ဖြစ်တာပါ"

တစ်ခါတစ်လေ သူရစ်ရင်
ကျွန်တော်လိုက်မမှီတော့ဘူး။
ဘာပဲပြောပြော ဂျွန်ကကျွန်တော့်ရဲ့
ချစ်ခြင်းတရားဖြစ်တည်မှု့လေး။
နွေးထွေးတဲ့ရပ်ဝန်းလေးမှာ
အေးအေးချမ်းချမ်းရှိနေပေးတဲ့
ကျွန်တော်ချစ်ရသူ။

*********

ဂျွန်ပြန်လာမယ့်နေ့ဖြစ်လို့
အိမ်မှာစားဖို့အနည်းငယ်ချက်လိုက်သည်။
ကလေးလေးရှိလာရင် အပြင်စာကျွေးလို့မဖြစ်တော့။
အခုကစပြီးဟင်းချက်ရတဲ့အရသာကိုသိလာပြီဖြစ်သည်။
အဖိုးပြောတဲ့စကားလေးတစ်ခွန်း။
ကိုယ်ချစ်ရတဲ့သူတွေကို
ချက်ပြုပ်ပေးပြီး
အိမ်မှာမိသားစုစုံစွာပျော်ပျော်ပါးပါးစားရတဲ့ထမင်းဝိုင်းက အရသာအရှိဆုံးနဲ့အကောင်းဆုံးအချိန်လေးကို
ပိုင်ဆိုင်ခွင့်ရှိတာတဲ့။
ကျွန်တော့်ဖေဖေနဲ့မေမေဆို ရုံးပိတ်ရက်တိုင်းမှာနှစ်ယောက်လုံးကူညီချက်ပြုပ်ပြီးကျွန်တော့်ကိုကျွေးခဲ့ကြသည်။
ကျွန်တော်လည်းအခုအဘိုးကိုကျေးဇူးတင်သည်။
ကျွန်တော်ညဘက်ကလပ်တွေသွားတိုင်း အဘိုးအပြစ်ပေးတာက
ဟင်းချက်ခိုင်းခြင်းသာ။
အဘိုးကြောင့် ဟင်းချက်လက်ရာက
အကောင်းကြီးမဟုတ်တောင်
စားလို့ရသည်။

 Simplicity of love √Completed √Where stories live. Discover now