Part 28 [ The End ]

Start from the beginning
                                    

"အာ ဟုတ်ကဲ့ ငယ်ငယ်ကတည်းကအိမ်မက်ကိုအကောင်အထည်ဖော်နိုင်ခဲ့တာဘဲ မိုက်လိုက်တာနော်"

ထို့နောက်မှာတော့အခြားမေးခွန်းများစွာဖြင့်မေးလိုက်ဖြေလိုက်လုပ်ရင်း

"နောက်မေးခွန်းတစ်ခုပါ မနှင်းပန်းပွင့်ကိုမေးပေးပါတဲ့
ချစ်ရတဲ့သူရှိသလားတဲ့ ရှိရင်ရောဘယ်သူလဲတဲ့
ချစ်ရတဲ့သူမရှိဘူးဆိုရင်ရော စောင့်နေတဲ့သူဖြစ်ဖြစ်ရှိလားတဲ့"

မေးခွန်းကိုကြားပြီးနောက်မှာ နှင်းရဲ့အတွေးထဲသို့ လွန်ခဲ့တဲ့ ငါးနှစ်ကအ‌ဖြစ်အပျက်တို့ ပြန်လည်ဝင်ရောက်လာသည်။

လွန်ခဲ့သော 5 နှစ် မိုးတွေအရမ်းရွာခဲ့တဲ့အဲ့နေ့
အဲ့နေ့မှာ နှင်းရဲ့ချစ်ရပါသော အချစ်ဆုံးသူ
အချစ်ရဆုံးသူဟာ...

ဦးမင်းမဟာနဲ့အတူသေနတ်ကို ဆွဲလုနေတဲ့မင်းမြတ်
ရုန်းရင်းဆန်ခတ် ဖြစ်နေရင်းမှာပင်

"ဒိုင်းးး"

ဆိုသည့်သေနတ်သံနဲ့အတူ နှစ်ယောက်စလုံး တံတားပေါ်ကနေရေထဲကို ပြုတ်ကျသွားကြသည်။
မိုးအရမ်းကြီးနေတာကြောင့် ရေတို့မှာလည်းအရမ်းကိုစီးနေသည်။

ညတွင်းချင်ရှာကြသည်။
ဒါပေမယ့် မတွေ့ခဲ့။
နောက်တစ်ရက်မှာတော့ ဦးမင်းမဟာရဲ့ အလောင်းကိုရှာတွေ့ခဲ့သည်။

မင်းမြတ်ကိုတော့ရှာမတွေ့ခဲ့
နေ့ပေါင်းများစွာရှာသည်။
လပိုင်းများစွာရှာသည်။
မတွေ့ခဲ့။အစအနပင်ရှာမတွေ့ခဲ့ပေ။

သူများတွေကတော့မင်းမြတ်ကိုသေပြီလို့ပြောကြပြီး နှင်းကို စိတ်လျှော့ထားဖို့ပြောကြသည်။

ဒါပေမယ့် နှင်း သိသည်။
သူပြန်လာမှာ။
သူနှင်းဆီကိုပြန်လာမှာ။

သေတယ်ဆိုရင် အလောင်းတော့ရှာတွေ့ရမယ်လေ။
အခု တွေ့မှမတွေ့တာ
မင်းမြတ် မသေသေးဘူး
နှင်း ယုံတယ်
နှင်းရဲ့သူဟာလုံးဝမသေဘူး။

အဲ့ကိစ္စဖြစ်ပြီးနောက်ပိုင်း တစ်နှစ်ကျော်လောက်အထိ နှင်းအသိစိတ်လွတ်ပြီး ဆေးရုံတက်ရသည်အထိကိုဖြစ်ခဲ့သည်။
1 နှစ်ခွဲကျော်ကြာပြီးနောက်မှ နှင်းဒီဇိုင်းပညာကို ပြန်လည်သင်ယူခဲ့ပြီး ယခုအခြေအနေကိုရောက်ခဲ့ခြင်းဖြစ်သည်။

မုန်းတာထက်ပို၍ / မုန္းတာထက္ပို၍  (Unicode+Zawgyi)(Completed) Where stories live. Discover now