အပိုင်း(၃)ခြင်္သေ့ဂူထဲရောက်သွားတဲ့မြေခွေး🚨

Start from the beginning
                                    

သူ့တွင်အပေါင်းအသင်းဆိုသည်မှာလည်း ထွဋ်ခေါင်တစ်ယောက်သာရှားရှားပါးပါးရှိပြီး သကောင့်သားအားလည်းခေါ်၍မဖြစ် ဆယ်ရက်ဆယ်လီထိတော့ သူနားပူမခံနိုင်။မတက်နိုင် သူတစ်ယောက်ထဲသာထွက်ခဲ့သည်။နေအဂ္ဂါက လူငယ်ဆန်ဆန် အပေါက်အပြဲပါတဲ့ဂျင်းဘောင်းဘီတစ်ထည်ကိုဝတ်ထားပြီး အဖြူရောင်တီရှပ်တစ်ထည်ပေါ်တွင် ခပ်ပွပွဂျာကင်အနက်ရောင်ကိုထပ်ဝတ်ထားသည်။ပြီးနောက် အနက်ရောင်နှာခေါင်းစည်းကိုဝတ်ဆင်လိုက်သည်။သူ့ကိုယ်သူမှန်ထဲပြန်ကြည့်ရင်း စိတ်ကျေနပ်မှုအပြည့်ဖြင့် ခေါင်းငြိမ့်လိုက်သည် ပြီးနောက်taxiတစ်စီးပေါ်သို့တက်၍ ထွက်ခွာသွားသည် ။သူအထဲသို့ဝင်လိုက်သည်နှင့် မြူးကြွသံစဥ်များက သူ့နားအတွင်းသို့တိုးဝင်လာ၍ သူ့စိတ်ကိုတက်ကြွစေသည်။အယ်လ်ကိုဟောတစ်ခွက်ကိုကိုင်၍ လူအုပ်ကြားသို့တိုးဝင်ရင်း စည်းချက်ညီညီကနေသည် ဒီအချိန်တွင်​တော့သူသည် ဂုဏ်သိက္ခာတွေ ကိုယ်ကျင့်တရားတွေ ရက့်ကျက်မှုတွေနဲ့ဘဝကြီးကိုငြီး​ငွေ့စွာဖြတ်သန်းနေတဲ့ နာမည်ကြီးမင်းသား နေ အ ဂ္ဂါမဟုတ် ညရဲ့စည်းစိမ်တွေကိုစိတ်ရှိလက်ရှိပျော်ပါးခံယူနေတဲ့ လွတ်လပ်မှုအပြည့်ငယ်ရွယ်မှုအပြည့်နဲ့ နေ အ ဂ္ဂါ ဒီနေရာတွင်သူ့အားမှတ်မိသူမရှိ စိတ်ရှိလက်ရှိပျော်ပါးနိုင်သည် စိတ်ရှိလက်ရှိကခုန်ပစ်လိုက်နိုင်သည် စိတ်ရှိလက်ရှိ ရူးသွပ်ပစ်လိုက်နိုင်သည်  သူအင်္ကျီနှစ်ထည်လုံးကိုချွတ်လွှတ်ပစ်လိုက်တော့ ကြွက်သားအနည်းငယ်နှင့်ဝင်းမွတ်ကြည်စင်တဲ့အသားအရေလေးက ထွက်ပေါ်လာသည်

"ဝိုး....ငါတို့မင်းသားရောက်လာပြီ "

ယောက်ျားမကျ မိန်းမမကျတဲ့ အံသြတစ်ကြီးအော်ဟစ်သံကြောင့် အားလုံး၏အကြည့်က စင်ပေါ်သို့ရောက်သွားသည်

"အော်စကာရောက်လာပြီဟေ့ သူ့ခန္ဓာကိုယ်ကသောက်ရမ်းမိုက်တယ်ကွ"

ဒီတစ်ခါတွင်တော့ ခပ်သြသြအမျိူးသားတစ်ယောက်၏ အသံဖြစ်သည်။သူ၏ အော်သံထဲတွင်အားမာန်အပြည့် ထို့နောက်တွင်တော့ clubတစ်ခုလုံး "အော်စကာ"ဆိုသည့်အော်သံများ
ပွတ်ပွတ်ညံသွားတော့သည်။

Before I Fall You[Completed]Where stories live. Discover now