"ရှုတ်နေတာဘဲ...."

ဆက်ကအပြင်ကမြင်ကွင်းများအားကားမှန်မှတစ်ဆင့်ကြည့်ရင်းရေရွတ်လိုက်သည်....
ဆက်ကအမွေရထားသည့် ကုမ္ပဏီ ရှိတာမို့ပိုင်ရှင်အနေနဲ့တော့မျက်နှာလာပြရန်လိုသည်....
ဉီးလေးနဲ့ဒေါ်လေးတို့က ကုမ္ပဏီကို
ဆက်လက်ထိန်းသိမ်းထားသည်ဆိုပေမယ့်ရင်းနှီးသူတွေကတော့ဆက်က ကုမ္ပဏီ ကိုနောက်ကွယ်ကနေထိန်းချုပ်နေပြီမှန်းသိကြသည်.....

ဒီပွဲမှာတော့ဆက်နဲ့အာဏာကဆက်ခံသူအနေနှင့်သာတက်ရောက်မည်ဖြစ်သည်.....
သတင်းထောက်တွေရဲ့အမေးစကားကိုဖြတ်ကျော်ပြီးတော့မှသာသက်ပြင်းချနိုင်ကြသည်.....

သတင်းထောက်တွေကဆက်ခံသူမျိုးဆက်တွေကိုအလွတ်ပေးလေ့မရှိကြ....
တစ်ချို့ဆက်ခံသူတွေဆိုအရည်အချင်းမရှိကြောင်း...မိန်းမပွေကြောင်း....စသည်...စသည့်သတင်းများကြောင့်လူထုရှုံချတာခံရသည်...
ဒါတွေကြောင့်အမှားလုပ်လွယ်တဲ့ဆက်ခံသူ
မျိုးဆက်တွေကသူတို့အတွက်ငွေရပေါက်ဖြစ်နေသည်.......

ဉီးလေးကစီပွားရေးလုပ်ငန်းရှင်တွေနဲ့စကားပြောနေတာမို့နှစ်ယောက်သားလူငယ်ဝိုင်းဘက်ကိုလျှောက်လာခဲ့သည်.......
တိမ်ယံကသူတို့ကိုတွေ့တော့လက်ယမ်းပြသည်.....

"မင်းတို့နှစ်ယောက်ကလည်း
နောက်ကျလိုက်တာ...."

တိမ်ယံကဆက်နဲ့အာဏာကိုဝိုင်တစ်ခွက်စီလှမ်းပေးရင်းပြောသည်....

ဝိုင်ခွက်ကိုလှမ်းယူလိုက်ပြီးထိုဝိုင်း၌သာစကားပြောဖြစ်ကြသည်.....
လူငယ်များသာစုဖွဲ့နေသဖြင့်လူကြီးဝိုင်းကဲ့သို့ပျင်းစရာမကောင်း....

"ဟေ့.....မင်းတို့ကြားပြီးကြပြီလား.....
ထင်လင်းသာ....ဒီကိုပြန်လာတော့မယ်တဲ့......"

လူငယ်တစ်ယောက်ရဲ့စကားကြောင့်လှုပ်လှုပ်ရှားရှားဖြစ်သွားကြသည်......

"အဲ့ကောင်ကမရှက်ဘူးလား....."

"ဟုတ်ပါ့ကွာ..သူ့သတင်းတွေဒီလောက်ပွထနေတာတောင်မှ......"

လူငယ်တော်တော်များများကလည်းဝင်ပြောကြသည်.....
ထင်လင်းသာ.....ထိုနာမည်ကြောင့်ဆက်သွေးတို့ပွက်ပွက်ဆူလာသည်...
အရင်ဘဝကသူ့ကိုထောင်ကျအောင်စေခိုင်းခဲ့သူ....
ငတုံးတစ်ယောက်လိုနောက်ကွယ်တွင်လှောင်ပြောင်ပြီးရှေ့တွင်တော့သူငယ်ချင်းကောင်းကြီးပမာဟန်ဆောင်ခဲ့သူ.....

Rebirth for (BL) (completed) Where stories live. Discover now