Zawgyi...
မင်းစေရာ ငယ်ငယ်ကတည်းက မိဘမဲ့ဂေဟာကနေ
ဒီဂိုဏ်းကိုရောက်လာခဲ့သည်။ ဂေဟာမှာ ငတ်ခဲ့သမျှ
ဒီရောက်တော့ ထွားထွားကြိုင်းကြိုင်း
အစ်ကိုကြီးတွေ တောက်ပြောင်နေတဲ့
အသုံးအဆောင်ပစ္စည်းတွေ သန့်ပြန့်နေတဲ့
ပတ်ဝန်းကျင်ကိုမြင်ပြီး မင်းစေရာတော့
အဆင်ပြေတဲ့ဘဝ ရောက်ပြီတွေးခဲ့မိသည်။
ဒီနေရာရဲ့ခေါင်းဆောင်က နှစ်တိုင်းဂေဟာကို
လာပြီး ဂိုဏ်းအတွက်လူရွေးလေ့ရှိသည်။
မင်းစေရာက body လည်းသေး
ရောက်တာလည်းမကြာသေးတော့ အကြီးတွေကဝိုင်းအနိုင်ကျင့်ကြသည်။ တနေ့ သည်းမခံနိုင်လို့
ပြန်ချနေတုန်း အဲဒီလူကတွေ့သွားပြီး မင်းစေရာကို မွေးစားတော့တာပင်။
သူ့သားအနေနဲ့တော့ မဟုတ်ဘူး သူ့အုပ်ထိန်းခံ
လူအနေနဲ့ပေါ့။မင်းစေရာတကယ်ပျော်သွားတာ။
လာစွန့်ပစ်တုန်းက နောက်ကနေအော်ခေါ်ပြီး
ပြေးလိုက်တာတောင်တချက်မကြည့်ခဲ့တဲ့အဖေ၊
ညတိုင်း အမေ့ကိုသတိရနေတာတောင်
တွေ့ခွင့်မရတဲ့နေ့တွေ၊ ညတိုင်းငိုခဲ့ရတာ
တွေ။
ဒီလူကိုတွေ့တော့ စိတ်လုံခြုံတဲ့ခံစားချက်မျိုး ရခဲ့တယ်။
ဒီလူသာဆို ငါ့ကိုမစွန့်ပစ်ဘူးဆိုတာမျိုးပေါ့။
ကြည်လင်နေပြီးခပ်သဲ့သဲ့ပြုံးနေတဲ့သူဟာ လက်မရွံ့
ဂိုဏ်းခေါင်းဆောင်တစ်ယောက်လို့ ဘယ်သူက
ထင်ခဲ့မှာလဲ။
ရောက်ပြီးသိပ်မကြာဘူး မင်းစေရာကို
လေ့ကျင့်ရေးရုံကို ခေါ်သွားသည်။
"ခုကစပြီး မင်းဟာဦးရဲ့ ညာလက်ရုံးလို
တူလိုသားလိုနေရတော့မယ်..မင်းတာဝန်ကို
မင်းကျေအောင်ကြိုးစားရမယ် ဦးကိုစိတ်မပျက်ပါစေနဲ့..
မင်းကိုဦးယုံကြည်တယ်..."
ဆိုတာနဲ့တင် ကျွန်တော်ဟာ ဒီငရဲတွင်းထဲ
ပျော်ပျော်ကြီးခုန်ဆင်းခဲ့တာပါပဲ။
မနက်၅နာရီထပြီး ကွင်းပတ်ပြေးရတာတွေ၊
မပြေးနိုင်တော့လို့ လဲကျသွားတာတောင်
ဆွဲထူပြီးအတင်းပြေးခိုင်းတာတွေ၊
အချိန်ကိုက်မပြေးနိုင်ရင် ထမင်းမကျွေးတာတွေ
ရှိပေမယ့် မင်းစေရာမမှုခဲ့ပါ။
လေ့ကျင့်ရေးဝင်ပြီး ၆လအကြာမှာမင်းစေရာဟာ တော်တော်လေးတိုးတက်လာသည်။
ကိုယ့်ကိုယုံကြည်တယ်ဆိုတဲ့လူကို စိတ်မပျက်
စေချင်ခဲ့တဲ့စိတ်ပဲရှိခဲ့သည်။
အခုတော့မင်းစေရာ ၂၃ နှစ်ရှိလေပြီ။
ညိုပြီးကျစ်လစ်တဲ့ဘော်ဒီရယ် ထူမယောင်ဖြစ်နေတဲ့
နှုတ်ခမ်းရယ် မေးရိုးသွယ်သွယ်ရယ်က လှပတဲ့
ယောက်ျားလို့ သုံးနှုန်းရင်ပိုသင့်တော်သည်။
YOU ARE READING
My husband has changed 🍃🍃(completed)
Romanceမူးယစ်ဂိုဏ်းရဲ့ လူယုံတော်မင်းစေရာဟာ နယ်မြေလုတဲ့ပွဲမှာ ဂိုဏ်းလုံးကျွတ်အသတ်ခံရပြီး တဖက်က သူနဲ့နာမည်တူတဲ့ ကောင်လေးကိုယ်ထဲ ဝင်စားသောအခါ..ကောင်လေးကလည်း ယောက်ျားရှိတဲ့သူဖြစ်ပြီးသူ့ယောက်ျားက ရွှေတြိဂံဒေသရဲ့ ဒိတ်ဒိတ်ကြဲ မူးယစ်ရာဇာဖြစ်နေသောအခါ.. ဝင်စားပြီးပြန...
