သူတို့တွေက ကျောင်းထဲမှာ ပတ်ပြေးကြတယ်။ ရန်ဖြစ်ကြတယ်။ ဘောလုံးကန် ကြတယ်။ ကျောင်းစည်းကမ်းမလိုက်နာလို့ ဆရာမတွေရဲ့ အရိုက်ကိုခံရတယ်။ ခြေသလုံးက အရှိုးရာတွေကို ပြိုင်ဆိုင်ကြတယ်။ ဘယ်သူ့အရှိုးရာက ပိုထင်သလဲပေါ့။ ကျောင်းပိတ်ရက်တွေ မှာဆိုရင် သူတို့တွေက တစ်ခါခါ ရေသွားကူးကြတယ်။ တစ်ခါခါမှာတော့ ဘက်တံရိုက်ပြီး တစ်ခါခါမှာတော့ စက်ဘီးစီးကြတယ်။ သူတို့ စကားဝိုင်းထဲ ရက်နည်းနည်းကြာကြာ ရှိခဲ့ဖူးတဲ့ ဝေယံကိုကိုရဲ့ နာမည်က ပျောက်ကွယ်သွားတော့တယ်။

နေ့တွေဟာ အမြဲတမ်း လည်ပတ်နေတာပါပဲ။ ဒီလိုပဲအချိန်က သူ့အလိုလိုကုန်ဆုံး လိမ့်မယ်။ မင်းက မကုန်ဆုံးပါစေနဲ့လို့ ဆုတောင်းနေရင်တောင်မှပေါ့။

"ကိုကို..."

"အင်း..."

ခန့်ညားမောင်နဲ့ မြတ်နိုးမောင်ကလည်း အရင်အတိုင်းပဲ။ သူတို့မောင်နှမက မခွဲအတူ ကျောင်းတက်ကျောင်းဆင်း လုပ်နေတုန်းပဲ။

"နင် အန်တီလေးဆိုင်ကို သွားမကူပါနဲ့တော့လား စာမေးပွဲလည်း နီးနေပြီလေ"

ဆယ်တန်းစာမေးပွဲဟာ တစထက်ထစ နီးကပ်လာပြီ။ ခန့်ညားမောင်က အခုချိန်ထိ ဘာသာစုံမအောင်သေးဘူး။ သူက ဆယ်တန်းအောင်ဖို့ စိတ်ကူးရောရှိသေးရဲ့လားဆိုပြီး မေးယူ ရမဲ့ပုံစံမျိုးတောင် ဖြစ်နေတယ်။

"စာမေးပွဲဖြေဖို့ သုံးလလောက်တောင် လိုသေးတာကို ဘာကို နီးနေပြီလဲ"

"နင် အခုချိန်ထိ ဘာသာစုံတောင် မအောင်သေးဘူးလေ"

မြတ်နိုးမောင် စိုးရိမ်တကြီးပြောတယ်။ သူ့အစ်ကိုဆယ်တန်းအောင်တာ မအောင်တာက ကိစ္စမရှိပါဘူး။ သူကတော့ အောင်အောင်လုပ်ပြီး အလုပ်ကောင်းကောင်းလုပ်မှာမို့ အစ်ကိုလုပ်တဲ့ လူက တေလေဂျပိုးလုပ်ချင်ရင်လည်း ဖြစ်ပါတယ်။ ဒါပေမဲ့ ခန့်ညားမောင်က တကယ်တမ်း လေနေတာကို သူ သိတယ်။

"ငါမအောင်လည်း ငါ့ညီမလေးက ငါ့ကိုအမြဲတမ်း ကျွေးထားမှာမဟုတ်လား"

သူတို့မိဘတွေက အလွန်ဆုံး တက္ကသိုလ်ကျောင်းပြီး အလုပ်တစ်ခု ခိုင်ခိုင်မာမာရတဲ့ အထိပဲ ထောက်ပံ့မှာဆိုတာကို မောင်နှမနှစ်ယောက်လုံး ကောင်းကောင်းသိကြတယ်။ တစ်ခါ ခါကျရယ်စရာကောင်းလိုက်တာလောက် ခန့်ညားမောင် တွေးဖြစ်တယ်။ စဉ်းစားကြည့်လေ သူတို့မိဘတွေ ပေါင်းစည်းလို့ သူတို့မောင်နှမဖြစ်လာကြတာ။ ပြီးတော့ သူတို့မိဘတွေက လမ်းခွဲသွားကြပြီး အခြားမိသားစု ကိုယ်စီနဲ့။ သူတို့က နှစ်ယောက်တည်း ကျန်ရစ်ခဲ့ကြရတယ်။

The One I Like Is You [Own Creation]Where stories live. Discover now