4

1K 215 3
                                    

Unicode

အပိုင်း - ၄

တကယ်တော့ ဝေယံကိုကိုက လူကောင်းလေးတစ်ယောက်တော့ မဟုတ်ပါဘူး။ စာလေးတော်ပြီး စံပြကျောင်းသားတစ်ယောက်လို ပြုမူနေထိုင်တတ်ပေမဲ့ သူက ပျင်းရိပြီးအရာရာကို ငြီးငွေ့မြန်သူတစ်ယောက်ပါ။ တစ်နေ့တစ်နေ့ မျောက်တွေလိုဆော့နေတဲ့ ကြပ်မပြည့်ကျောင်းသားတွေများတဲ့ ဒီခန်းက သူတို့လိုစာတော်တဲ့ အကျော်အမော်တွေများတဲ့ အေခန်းနဲ့က ရန်ဘက်ပေါ့။ သူတို့အကုန်လုံးက အဖက်မလုပ်ကြပေမဲ့ ဒီကောင်တွေ ကတော့ သူတို့ကို တအားကို အဖက်လုပ်လွန်းပါတယ်။ အမြဲတမ်း အမြဲတမ်း ဒီခန်းက မျောက်တွေက သူတို့ကို နည်းလမ်းပေါင်းစုံနဲ့ ပြဿနာအမျိုးမျိုးရှာဖို့ ကြိုးစားတတ်ကြတယ်။ တကယ်တမ်းရန်ဖြစ်ကြမယ်ဆိုရင် အေခန်းနဲ့ ဒီခန်းမှာ သူတို့ကတောင် နည်းနည်းသာဦးမယ်လို့ ပြောလို့ရတယ်။

စာတော်တာနဲ့ပဲ ရန်မဖြစ်တတ်ဘူးလို့ ဘယ်သူကပြောလဲ။ သူတို့ထဲမှာ အများစုက စာကျက်တာမှ အထောက်အကူဖြစ်အောင် သက်လုံကောင်းဖို့ ကိုယ်ခံပညာသင်ထားတတ်ကြပါတယ်။ မသင်တဲ့လူတွေတောင် အပြေးလေ့ကျင့်ခန်းလောက်တော့ လုပ်လေ့ရှိကြတယ်။

"ဒီခန်းက‌ မျောက်တွေက သောက်ပြဿနာရှာပြန်ပြီ"

တစ်ရက်မှာ စာဖတ်နေတဲ့သူ့ကို သူငယ်ချင်းတစ်ယောက်က ပြောတယ်။

"ဟုတ်လား"

ညနေဘက်ကျူရှင်မှာ တစ်ပိုင်းပြီးလို့ဖြေရမဲ့ အင်္ဂလိပ်စာ စာပိုဒ်ကို ဖတ်နေရင်းက ပျင်းပျင်းရိရိပဲ သူ ပြန်ဖြေတယ်။ ဘာကြောင့် သူတို့ရဲ့ပညာရေးက နှုတ်တိုက်မေးခွန်းတွေများမှန်း သူ နားမလည်ဘူး။ ဒီစာပိုဒ်တွေ အကုန်လုံးကို ရတာနဲ့ သူတို့က အရာရာပြောင်းလဲသွားမှာလား။ အတန်းထဲမှာ စာပဲကျက်တတ်ပြီး ဘာကိုမှ ကောင်းကောင်း မတွေးတတ်တဲ့ကောင်တွေလည်း အများကြီးရှိတယ်။ တကယ်ပဲ ဖတ်စာအုပ်တစ်အုပ်လုံး အာဂုံဆောင်နိုင်ရုံနဲ့ သူတို့ရဲ့ဘဝတွေက ပြောင်းလဲသွားကြမှာလား။ ဒါကသိပ်တော့ တရားမျှတမှုမရှိဘူးလို့ သူ ထင်တယ်။ ဒါပေမဲ့လည်း လောကက သူ့ထင်မြင်ချက်တစ်ခုတည်းနဲ့ ပြောင်းလဲသွားမှာလည်း မဟုတ်ပါဘူး။ ဒီတော့ သူက ရေလိုက်ငါးလိုက်ပဲ နေရလိမ့်မယ်။

The One I Like Is You [Own Creation]Tempat cerita menjadi hidup. Temukan sekarang