Chapter 21 (Unicode)

Start from the beginning
                                    

ထိုအခါမှပင် ကျွန်တော်သည် မိုက်မဲသော ခန့်မှန်းသူ တစ်ယောက်အဖြစ် မိမိကိုယ်မိမိ လက်ခံလိုက်ရသည် ။

ပြဿနာ အသေးအမွှားလေးများနှင့် မကြာခဏ ရန်ဖြစ်တတ်ခြင်း ၊ အသက်အရွယ်နှင့် နေထိုင်မှုပုံစံ ကွာခြားခြင်းတို့ ရှိကြသော်လည်း ထိုပြဿနာ များသည် အလွန် ပြောပလောက်သည်တော့ မဟုတ်ပေ ။

" ချန်းကော ... ညစာ စားပြီးပြီလား... "

" ငါ့ဘာသာ စားပြီးပြီး မပြီးပြီး မင်းအပူ ပါလား..."

ထိုသို့ ထိုပုံနှယ် ကျွန်တော့်ကို အမြဲ ဘုတောတတ်သည် ။

သို့သော်လည်း ချန်းကောသည် ကျွန်တော့်အပေါ် သူ့နည်းသူ့ဟန်ဖြင့် အိမ်နီးချင်း ညီလေး ဟူသော ခေါင်းစဥ်ထက် ပို၍ ဂရုစိုက်ခဲ့သည် ။

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.


သို့သော်လည်း ချန်းကောသည် ကျွန်တော့်အပေါ် သူ့နည်းသူ့ဟန်ဖြင့် အိမ်နီးချင်း ညီလေး ဟူသော ခေါင်းစဥ်ထက် ပို၍ ဂရုစိုက်ခဲ့သည် ။

" ရော့... ဒီမှာ ယူလိုက်... "

ချန်းကော ကျွန်တော့်လက်ထဲသို့ မုန့်ထုပ် ပစ်ပေးလိုက်သည် ။

" ဟာ... ဒါ ကျွန်တော် စားဖို့ မလား... ? ချန်းကော "

" ပါးစပ်ပိတ်ပြီး စားစရာရှိတာသာစားစမ်းပါ... "

ထိုသို့ ထိုပုံနှယ် အေးစက်သည်ဟုထင်ရသော်လည်း ဂရုစိုက်တတ်လေသည် ။

ထို့အပြင် ချန်းကောသည် ထိုရပ်ကွက် တစ်ကြောတွင်တော့ လူအများ ကြောက်ရွံ့လေးစားခြင်းကို ခံရသူ ဖြစ်သည် ။

တစ်စုံတစ်ယောက်က ကျွန်တော့်ကို အနိုင်ကျင့်ဖို့ ကြိုးစားလျှင် ချန်းကော နာမည် ကြားရုံနှင့်ပင် လက်ရှောင် သွားတတ်ကြသည် ။

မျက်မှန်နဲ့ တရုတ်ရဲ့ ညီ လို့ ဆိုလိုက်သည်နှင့် အားလုံးက ကျွန်တော့်ကို ရန်မစရဲတော့ ။

ရေပြင်ပေါ်၌ လမ်းလျှောက်ခြင်း Completed ( မြန်မာဘာသာပြန်)Where stories live. Discover now