19 (unicode)

290 73 2
                                    


ညတောင်တော်တော်မှောင်လို့ လူတွေတောင်ပါးနေပြီ။

လမ်းမီးရောင်နဲ့ လရောင်ကြောင့်လင်းထိန်နေတဲ့ လမ်းမတွေမှာ လူတွေကကျိုးတိုးကျဲတဲ။

ရှေ့တည့်တည့်မှာရှိနေတဲ့နာရီမျှော်စင်ကို ကြည့်လိုက်တော့ ၉ နာရီထိုးပြီ။ ၁၅ မိနစ်လောက် ကြက်သေသေနေပြီးတဲ့နောက်မှာတော့ ဟရုတိုနောက်ကိုချက်ချင်းလိုက်ခဲ့ပေမယ့် စက်ဘီးနဲ့လာခဲ့သည်ဆိုသော ကောင်လေးကို အရိပ်တောင်မတွေ့တော့။

ဟာနာ့ဆီလည်းပြန်မသွားဖြစ်။ ဂျောင်ဝူးသိတာတစ်ခုက ဟရုတိုကိုလိုက်ရှာဖို့။

ကားစက်နှိုးပြီး လမ်းမတောက်လျှောက်ကားမှန်ချပြီး လိုက်ရှာပေမယ့် စက်ဘီးနဲ့ကောင်လေးကိုမတွေ့။

လမ်းမထဲကမသွားလဲ လမ်းကြားတွေထဲကနေဖြတ်သွားတာများလား?

မှောင်နေပြီ လမ်းကြားတွေက အန္တရာယ်များကများနဲ့။

ဖုန်းဆက်တော့လည်း မကိုင်။ ဖုန်းကိုပိတ်ထားတာတောင်မဟုတ်ဘဲ တမင်ကိုမကိုင်တဲ့ပုံ။

ယိုရှိ နဲ့ ဂျီဟွန်းတို့ကိုဖုန်းဆက်ကြည့်ပေမယ့် သူတို့ဆီလည်းမလာဘူးလို့ပြောတော့ စိတ်ကပိုပူရပြန်သည်။

ပြောချင်တာတွေပြောသွားပြီး တစ်ယောက်တည်းနောင်တတွေရနေပြီလား? စိတ်ညစ်နေပြီလား? စိတ်မသန့်သလိုခံစားနေရပြီလားဆိုပြီးလည်း ဟရုတိုအတွက်တွေးပေးကြည့်သေးသည်။

ဒီကိစ္စက ဒီနေ့ သေချာရှင်းမှကိုဖြစ်မည်။ မဟုတ်ရင်....

မဟုတ်ရင် ဘာဖြစ်လဲ?

*ပတ်ဂျောင်ဝူး မင်းကရော ဘာဖြစ်ချင်နေတာလဲ*

ရှာမတွေ့တဲ့အဆုံးနာရီစင်ရှေ့မှာပဲကားရပ်ပြီး ကားထဲမှာထိုင်နေမိတော့သည်။

-ရုတို ငါ့ကိုဖုန်းဆက်ပါဦး

-ငါ့ဖုန်းကိုကိုင်ဦးကွာ

-ငါနဲ့စကားပြောရအောင်ကွာ နော်

-မင်းပြောချင်တာချည်းပဲပြောမသွားနဲ့လေကွာ...ငါ့ဘက်ကိုလည်းပြန်ပြောခွင့်ပေးပါဦး

A Vet's Pet (Hajeongwoo/RuJeongwoo)Where stories live. Discover now