095
220 21 0
ငါအဆုံးထိသွားကြည့်ပြီးပြီ
မင်းပါမလာဘူး
မင်းပါမလာတော့
ငါကပျော်ရွှင်ခြင်းကိုအစရှာမရဘူး။
တကယ်က မင်းကိုဆုံးရှုံးမှာထက်
ငါ့ကိုယ်ငါဆုံးရှုံးမှာကိုပိုကြောက်မိတာ
မင်းနဲ့မှလွဲရင် ဘယ်သူနဲ့မှ
ထပ်မတိုးတော့မှာကိုအစိုးရိမ်လွန်နေတာ။
အနာဂတ်အိမ်လေးကို
တံခါးခေါက်တော့ ထူးသံမကြားဘူး
သော့တံဟာ ငါ့လက်ထဲမှာ
ငါ့အိမ်ပါ ... အထူးသဖြင့်
ငါတစ်ယောက်တည်းနေတဲ့အိမ်။
ဆောင်းထူတော့ မီးလင်းဖိုနားမှာ
ခွေခွေလေးထိုင်
အနာဂတ်အိမ်ထဲမှာ မင်းမရှိဘူး
ချစ်ခြင်းမေတ္တာတွေမရှိဘူး
ခွေးလေးတွေ ကြောင်လေးတွေမရှိဘူး
ငါတစ်ယောက်တည်းလက်မှိုင်ကျ
ငါ့မှာ ပျော်ရွှင်ခြင်းတွေလည်းမရှိတော့ဘူး။     ။
#Meldian
မင်းပါမလာဘူး
မင်းပါမလာတော့
အနာဂတ်အိမ်လေးကို
သော့တံဟာ ငါ့လက်ထဲမှာ
ငါ့အိမ်ပါ ... အထူးသဖြင့်
ခွေခွေလေးထိုင်
#Meldian
ချစ်တယ်ပြောမှထပျံသွားတဲ့ လိပ်ပြာWhere stories live. Discover now