Chapter 1 - This Prince Knows You Have A Guilty Conscience (1)

580 85 12
                                    

# Unicode

စုန့်ယွမ်တွင် လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်းက မှတ်ဉာဏ်တွေဟာ အနည်းငယ် ဝေဝါးနေခဲ့သည်။ သူမသည် သူမဦးလေးထံမှာ အလုပ်ဝင်နေတာမဟုတ်ရင် လွန်ခဲ့သောရက်အနည်းငယ်ခန့်ကပင် အလုပ်ဖြုတ်ခံရပြီး ဖြစ်လိမ့်မည်။

သူမလက်ထဲတွင် ပိုက်ဆံပြတ်လပ်နေသည်မှာ တစ်ပတ်ပင် ရှိနေခဲ့ပြီ။ နွေရာသီအလယ်ပိုင်းအချိန်အခါဖြစ်၍ ရုံးခန်းထဲတွင် လေအေးပေးစက်များကို အသားကုန်ဖွင့်ထားကြလေသည်။ သူမဟာ အကူအညီမဲ့စွာ ခိုက်ခိုက်တုန်နေခဲ့သည်။

“အမ်မီ နင် ငါ့ကို နန်ဖုန်းဘုရားကျောင်းက အဆောင်လက်ဖွဲ့က အရမ်းအစွမ်းထက်တယ်လို့ ပြောခဲ့ဖူးတာ ဟုတ်တယ် မဟုတ်လား။” စုန့်ယွမ်သည် စားပွဲခုံပေါ်ကနေ လျှောဆင်း၍ အသံတီးတိုးဖြင့် မေးလိုက်သည်။

အမ်မီဟူသောအမည်ရှိသည့်မိန်းမငယ်လေးသည် သူမ၏အမေးစကားကို ကြားပြီးနောက် တခစ်ခစ်ရယ်ပြီးခေါင်းကိုလှည့်ကြည့်ကာ “Yeah! နင် တကယ်ပဲ မသန့်ရှင်းတဲ့တစ်စုံတစ်ခုနဲ့ ကြုံတွေ့ခဲ့ရတာလား။ နင် အဆောင်လက်ဖွဲ့နဲ့တင် ကံအညံ့တွေ မပျောက်ဘူးဆိုရင် အစွဲချွတ်ဖို့ တစ်ယောက်ယောက်ကိုရှာဖို့ လိုအပ်လိမ့်မယ်။”

စုန့်ယွမ်သည် အယူသီးသူတစ်ဦးမဟုတ်သော်လည်း ဒီအချိန်အခိုက်အတန့်မှာတော့ ပယောဂဆရာကို ဆက်သွယ်ရမည့် အချက်အလက်များကို ဂရုတစိုက်လိုက်မှတ်နေခဲ့သည်။

သိပ်မကြာသေးခင်က အမှန်တကယ်ကို တစ္ဆေသရဲနှင့်‌တွေ့ကြုံခဲ့သလိုပင်။ သူမသည် ပြီးခဲ့ရက်သတ္တပတ်မတိုင်မီညက သူမတိုက်ခန်းမှာ အိပ်ပျော်နေခဲ့တာကို မှတ်မိခဲ့ပြီးတော့ သူမ နောက်တစ်နေ့နံနက်ခင်းတွင် နိုးထလာသောအခါ တစ်ပတ်လုံး ကုန်ဆုံးသွားပြီးဖြစ်သည်။ သူမမိဘများသည် သူမကိုဖုန်းခေါ်ရန် ကြိုးစားခဲ့သော်လည်း အချိန်တိုင်း ဖုန်းမအားသေးပါဟူသော အချက်ပြမှုကိုသာ ရရှိခဲ့ကြသည်။ သူတို့သည် သူမကိုရှာရန် သူမတိုက်ခန်းကို လာကြည့်ခဲ့ကြပြီးတော့ သူမက အိမ်မှာ မရှိပေ။ ဒါပေမယ့် သူမနိုးလာအခါတွင် သူမကိုယ်ပိုင်အိပ်ရာမှာသာ နိုးလာခဲ့ပြီးတော့ သူမက ဘယ်နေရာကိုမှ မသွားခဲ့ကြောင်းကို ကျိန်ဆိုခဲ့လေသည်။ အဆိုးဆုံးအစိတ်အပိုင်းတစ်ခုပါပဲ။  သူမသည် တစ်ပတ်တာအချိန်အတောအတွင်းမှာ ဖြစ်ခဲ့သည့်အရာများကို လုံးဝမမှတ်မိခဲ့ပေ။

You've reached the end of published parts.

⏰ Last updated: May 25, 2021 ⏰

Add this story to your Library to get notified about new parts!

ငါ့သားက ယနေ့ခေတ်ကိုကူးပြောင်းလာတဲ့ မင်းသားတစ်ပါး (မြန်မာဘာသာပြန်)Where stories live. Discover now