ထိုအခါမှ ခေါင်းလေးတစ်ဖက်စောင်း
မျက်​နှာလေးရှုံ့မဲ့သွားတဲ့ကလေးငယ်က သူ့ကိုယ်သူ သေစမ်း Peter ပိစိရှေ့မှာ လူကြီးဆန်ချင်ပါတယ်ဆိုမှ
လာနေကျ ကစားကွင်းဆီပဲ လမ်းညွှန်မိရတယ်လို့

"ဒါဆို တခြားနေရာ သွားကြမလား
ပန်းခြံတို့ ဘာတို့လေ ရှုခင်းသိပ်လှတယ်လို့ ကြားဖူးတယ် "

ကြားဖူးတယ်ဆိုတာထက် မြင်ဖူးတာလို့ ပြောရင်ပိုမှန်မလား
Facebookက ရတဲ့ဗဟုသုတတွေမို့လို့လေ
ချစ်သူနှစ်ဦးအေးဆေးတွေ့ရဖို့
အကောင်းဆုံးနေရာတွေထဲမှာ ပန်းခြံကို ညွှန်းထားတယ်
ပိစိကလည်း သူ့အချစ်ဆုံးလေးဆိုတော့
အဲ့နေရာခေါ်သွားသင့်တယ်မလား

အကြံကောင်းလေးကြောင့် အပြုံးလေးတွေ​တောင်မဖြစ်ထွန်းရသေးခင်
ဂွက်ခနဲမြည်သံအတူ နာကြင်သွားတဲ့ ခေါင်းလေးကို ပွတ်ပြီး တရားခံကို မော့ကြည့်လိုက်တော့ နှစ်ယောက်မရှိတဲ့ သူ့ရဲ့ ပိစိလေး

"သောက်ကလေး အတတ်ကောင်းတွေ တတ်နေတယ်ပေါ့ ဟုတ်လား "

"ကိုကြီးကို ခေါက်တယ်
ငရဲကြီးမယ်နော် ပိစိ
အရွယ်အစားအရမတွက်ဘဲ သက်တမ်းအရတွက်မယ်ဆို ကိုကြီးက ပိစိထက် အများကြီးကြီးတယ် ဟွန့် "

ဒီကမ္ဘာက လက်တောက်လောက်လေးတွေက တကယ်မလွယ်ဘူးပဲ
ငယ်ငယ်ရွယ်ရွယ်နဲ့ သူတို့မသိတာ ဘာမှမရှိ
စေတနာထားပြီး ဆုံးမပြန်တော့လည်း
ခြေရာတိုင်းနေသေးတယ်
ငါလေး စိတ်မရှည်တိုင်းသာ တဂွက်ဂွက်ခေါက်လိုက်ရင် နာရုံလွဲပီး ဘာမှထူးလာမှာမဟုတ်ဘူး မလွယ်ကြောလေး အပြင်ထွက်လာရတဲ့ ရည်ရွယ်ချက်တောင် ပျောက်တယ်
အရင်Plant ရဲ့ မှတ်ဉာဏ်ထဲမှာ ဒီကလေး ဒီလောက် မဆိုးပါဘူး ပြောစကားနားထောင်တဲ့ အလိမ္မာတုံးလေးပါ
ခုလက်ရှိပုံစံနဲ့တော့ တခြားစီ

"ပြန်မယ် ဘာပန်းခြံမှ မသွားဘူး
ညဘက်ကြီး သွားလည်း လက်ခံမှာမဟုတ်ဘူး "

"ပြန်ချင်သေးနဲ့အုံး​လေ ပြောတော့ ကမ္ဘာကြီးကို လေ့လာမယ်ဆို
Taxiပေါ်က ဆင်းထဲက ဒီနားမှာပဲ ရှိနေ​တာ
ရွေ့တောင်မရွေ့ရသေးဘူး
ပြန်တော့မှာပေါ့ "

လုပ်ပြန်ပြီ ဆရာကြီး
ဒီပါးစပ်ပိစိလေးထဲက အရွယ်နဲ့ မလိုက်တဲ့ စကားတွေကြည့် ထွက်လာတာ အံ့သြပ

ဆန်းဆန်းကြီး systemWhere stories live. Discover now