"​အာ့ကြောင့်​အကယ်၍ ကျမလုပ်မှပီးမဲ့ကိစ္စတစ်စုံတစ်ရာရှိတယ်လို့ရှင်ထင်ရင် ရှင်ကိုယ်တိုင်လာမဲ့အစားတခြားတစ်ယောက်ကိုလွှတ်လိုက်"

"​ဒါပေမဲ့... အစေခံအသစ်ရေွးတဲ့အကြံက ကျနော်မဟုတ်.... "

"Yes or No"

သူ့ရဲ့စကားမဆုံးခင် အေးဆေးဖြတ်ချလိုက်တယ်၊

"ကျမ​ရှင့်ဆီကကြားချင်တာ​ အဲ့စကားနှစ်ခွန်းထဲကတစ်ခွန်းဘဲ... "

"ဟုတ်ကဲ့၊ ကျနော်နားလည်ပါပီ Lady... "

အိမ်ထိန်းက​သူ့ရဲ့အရေးကြောင်းတေွသိသာနေတဲ့မျက်နှာနဲ့​ပြန်ဖြေတယ်၊

"ဒါပေမဲ့... ညစာကရော? "

"မလိုဘူး.... ထွက်သွား"

ငါ့ရဲ့နောက်ဆုံးစကားကိုပြောပြီးတာနဲ့၊ အိမ်ထိန်းကြမ်းပြင်ကပြန်ထနေတာကိုတောင်မကြည့်ဘဲ​မျက်နှာလွှဲလိုက်တယ်၊

သိပ်မကြာခင်ဘဲ အခန်းထဲကဂရုတစိုက်ထွက်သွားတဲ့ခြေသံတေွကိုကြားလိုက်ရတယ်၊

ကလက်ခ်~~တံခါးကဖွင့်တုန်းကပုံစံနဲ့မတူဘဲ ပြန်ပိတ်သွားခဲ့တယ်၊

အခန်းကအမေှာင်တေွနဲ့ပြည့်သွားပြန်တယ်၊ နောက်ဖစ်လာမဲ့အရာတေွအတွက်စိုးရိမ်မှုတေွက လှိုင်းတစ်ခုဖြတ်သွားသလိုခံစားလိုက်ရတယ်၊ငါဘာတေွလုပ်ခဲ့မိတာလဲ? တကယ်လို့​သူတို့က​ Dukeကို တစ်ခုချင်းစီပြန်ပြောရင်ဘယ်လိုလုပ်မလဲ??

"လုပ်ချင်တာသာလုပ်တော့ဟာ... "

အဲ့လိုဆိုရု်တောင်သူလုပ်နိုင်တာဘာမှမရှိပါဘူး၊ ခုနတုန်းက​ ငါမှန်တာတေွဘဲလုပ်ခဲ့တယ်၊ ပြီးတော့​နောက်ထပ်လည်း​ Penelopeရဲ့ခံသားချက်တေွကိုလျစ်လျှူရှုထားကြတဲ့ မတရားမှုတေွကို ကူညီဖို့ထပ်တလဲလဲ​ ကြိုးစားဦးမှာဘဲ၊

ဒါ့အပြင်၊ ဒါကစကားတချို့နဲ့ဆူပူတာဘဲရှိသေးတာ၊ ငါပြသနာရှာပြီးပစ္စည်းတေွလွှင့်ပစ်တာမျိုးမလုပ်သေးဘူး...

Gameဆော့နေတဲ့အချိန်ဆိုရင်တော့ အနားကလူတေွနဲ့ဆက်ဆံရေးတိုးတက်အောင်လုပ်ပြီး​ ဂုဏ်သတင်းကျော်ကြားအောင်လုပ်ရတယ်၊

DITOEFVWhere stories live. Discover now