"ဒီမှာကြည့်အုံး
ဘာလို့ဂျွန်ကသူ့လက်ကိုဆွဲထားရတာလဲ ဒါမနက်ကဆေးရုံမှာရိုက်ထားတဲ့ပုံ"

ဘေဘီကပြောလည်းပြော
ဖုန်းကိုစားပွဲပေါ်ပြစ်တင်ပေးသည်။
မျက်နှာကမကြည်တော့။
မနက်ကဆေးရုံကိုလိုက်ပို့တော့
ရာအင်းကလက်ကိုလာကိုင်လို့
အားပေးတဲ့သဘောနဲ့ပြန်ပြီးလက်ဆွဲခေါ်သွားမိတာ။

"ဘေဘီမပူနဲ့ ကိုယ်ဘာမှမပတ်သတ်ကြောင်းရှင်းလိုက်မယ်"

"ရှင်းရင် ရာအင်းကရောဂါကြောင့်
ဆေးရုံတက်ရတာကို ကူညီပေးတာပါဆိုပြီးတစ်ခါတည်းပြော....
မသိရင်ကလေးရှိနေလို့ ဆေးရုံလာပြတာလား ဘာလားတွေရေးနေကြတယ်"

"အဲ့ဒါကသူ့ကိုယ်ရေးကိုယ်တာ
ဘေဘီရဲ့ ကိုယ်ကပြောလိုက်တော့
မကောင်းဘူးလေ"

"ဂျွန်! စီးပွားရေးလုပ်နေတဲ့လုပ်ငန်းရှင်တစ်ယောက်ဖြစ်နေပါရဲ့နဲ့
ကျွန်တော်ကဘာလုပ်ဆိုတာကို
လမ်းကြောင်းပြပေးရမယ့်သူမဟုတ်တာနားလည်တယ် ဒါကအခုလိုလုပ်မှရမှာ ဂျွန်ရဲ့သိက္ခာကိုယ်ကျင့်တရားဆိုတာရှိသေးတယ်"

ထယ်ယောင်းတကယ်စိတ်တိုပါသည်။
အမြဲတမ်းရာအင်းဘက်ကိုစဉ်းစားပေးနေတာ။
သူ့ဆိုရင်ကြတော့ ဒါမလုပ်နဲ့
ဟိုမသွားရဆိုတဲ့ အမိန့်တွေကို
ခပ်ပြတ်ပြတ်
ပြောခဲ့ပြီးတော့။

"ကိုယ်သေချာဖြေရှင်းလိုက်ပါမယ်
ဒီကိစ္စကို"

ဂျောင်ဂုကပြောပြီးတာနဲ့ ရာအင်းကိုဖုန်းခေါ်ရသည်။
လက်တစ်ဖက်ကဘေဘီကိုဆွဲခေါ်ပြီး
သူ့ပေါင်ပေါ်ထိုင်ခိုင်းထားရတယ်။
ဒါလေးကထွက်သွားပြီး ညကလို
သောင်းကျန်းနေရင်မလွယ်။

"ရာအင်းရေ social media
မှာသတင်းတွေပျံ့နေတယ်
နင့်ကိုငါဆေးရုံလိုက်ပို့ပေးတာ
ကိုတစ်မျိုးထင်နေကြတယ်
ငါကဘာမှမပတ်သတ်ကြောင်းရေးမှရမယ် အဲ့ဒါလှမ်းပြောတာ"

"အေးပါ ငါ့ရောဂါအကြောင်းတော့
မပြောပါနဲ့မေမေတို့သိသွားမှာစိုးလို့"

သူကဘာဖြစ်နေတာလဲ။
ဂျွန်နဲ့သူဆေးရုံသွားတဲ့သတင်းက
သူ့ဆွေမျိုးတွေသိလို့ သူ့မိဘတွေလည်းသိလောက်ရောပေါ့။
မေးလာရင်သူကဘာပြန်ပြောမလဲမသိ။
ဘယ်ခေတ်မှာနေ,နေကြတာမလို့လဲ။
ဂျွန်ကလည်း အေးပါတဲ့။

 Simplicity of love √Completed √Where stories live. Discover now