CHAPTER 1 - Go to the wrong room, wrong bed

Start from the beginning
                                    

စုန့်ရိကလက်စွပ်ကိုနီးနီးကပ်ကပ်ကြည့်လိုက်တယ်: ဒါလေးကရှန်းလီအ​ကြိုက်ဆုံးပုံစံလေးပဲ။

ဒါလေးကလက်ထပ်ခွင့်တောင်းတဲ့လက်စွပ်ဖြစ်လောက်တဲ့အထိမကြီးကျယ်ပေမဲ့လဲ သူကအရေးတကြီး​လိုနေတဲ့အတွက် အခုတော့ဒါလေးကိုပဲယူသွားရလိမ့်မယ်။

ဘာပဲဖြစ်ဖြစ်ပဲ အခုတော့ဒါလေးကိုပေးပီး သူတို့နှစ်ယောက်ရဲ့မင်္ဂလာနှစ်ပတ်လည်နေ့ရောက်ခါမှရှန်းလီကိုစိန်လက်စွပ်ကြီးကြီးတစ်ကွင်းဝယ်ပေးလိုက်မယ်။

"ဒါလေးကိုထုပ်ပေးပါအုံးဗျ"

အမျိုးသမီးက လက်စွပ်ကိုမြန်မြန်ဆန်ဆန်ပဲထုပ်ပိုး​လိုက်တယ်။ သူတစ်ခါမှမတွေ့ဘူးတဲ့​​ စေ့စပ်ထားသောအမျိုးသမီးကိုအနည်းငယ်မနာလိုလဲဖြစ်ရင်းပေါ့။

စေ့စပ်လက်စွပ်လေးရွေးဖို့ သူ့ရဲ့အချိန်တွေမြှုပ်နှံထားတဲ့အမျိုးသားမျိုးကို သူမတစ်ခါမှမတွေ့ဖူးဘူး။ customer အမျိုးသားအများစုကလက်စွပ်အတွက်သူတို့ကငွေပေးဖို့ပဲတာဝန်ရှိတယ်လို့တွေးထင်ထားပီး ဒီလိုလက်စွပ်ရွေးတာမျိုးကို သူတို့ရဲ့ဇနီးသည်တွေကိုပဲလက်လွှဲထားလေ့ရှိတယ်။

သူတို့တွေက ဒီလိုအရာမျိုးလေးအတွက်နဲ့ စိတ်အနှောင့်အယှက်ဖြစ်မခံကြဘူး။ဒါကြောင့်မို့ပဲ ဒီမှာရှိနေတဲ့အမျိုးသားကတကယ့်ရှားပါးမျိုးစိတ်လေး။

စုန့်ရီက credit card နဲ့လက်စွပ်ကိုငွေပေးချေပီးသွားတဲ့အခါမှာ ဆိုင်ထိုင်အမျိုးသမီးကရိုးရိုးသားသားနဲ့ပဲ ပျော်ရွှင်စရာကောင်းတဲ့လက်ထပ်ပွဲဖြစ်ဖို့ ဆုတောင်းပေးတယ် "မစ္စတာစုန့်ရှင့် ရှင်နဲ့ရှင့်အမျိုးသမီးတို့ နှစ်ရာပေါင်းများစွာပျော်ရွှင်ကြည်နူးပီး ချစ်ခြင်းမေတ္တာကထာဝရရှည်ကြာဖို့ဆုတောင်းပေးပါတယ်"

စုန့်ရီကသူမရဲ့ချိုသာတဲ့စကားကြောင့်မျက်လုံးလေးတွေ​ကအရောင်တောက်သွားပီးနှုတ်ခမ်းချွန်ချွန်လေးကအပြုံးတစ်ခုအဖြစ် ကွေးတက်သွားတယ် "ကျေးဇူးတင်ပါတယ်"

ထိုအမျိုးသမီးလေးဟာ 'တရားဥပဒေနဲ့တားမြစ်ထားသင့်တဲ့ထိုအပြုံး' ကြောင့် မိန်းမော​ပျော်ဝင်သွားပီး သူ့ရဲ့မျက်လုံးတွေကကဏန်းမျက်လုံးတွေလိုငေါထွက်လာပီး နှလုံးခုန်နှုန်းတွေကလဲ အရင်ကထက်ပိုမိုမြန်ဆန်သွားခဲ့တယ်။

အချစ်ပြိုင်ဘက်နှင့်အချစ်အိမ်လေးတည်ဆောက်ခြင်း [ဘာသာပြန်]Where stories live. Discover now