အပိုင်း-၂၂ (Unicode)

Start from the beginning
                                    

"ခင်ဗျား...."

သူပြောလိုက်တဲ့စကားကြောင့် စိတ်မကောင်းဖြစ်သွားတဲ့ ကြယ်လေး​ကို သူဘာမှမပြောဘဲ ငေးကြည့်နေလိုက်တော့သည်။

သူသတိမေ့လဲမကျခင်က ပထမဆုံးသတိရတဲ့ သူက ကြယ်လေးဖြစ်နေခဲ့သည်။ကြယ်လေးနဲ့ နောက်တစ်ခေါက်ထပ်မတွေ့ရမှာကို သူအကြောက်ဆုံးဖြစ်သည်။အရင်က သေရမှာကိုမကြောက်တတ်တဲ့သည် အခုကြ ကြယ်လေးကိုထားပြီး ခွဲခါသွားရမှာကို အင်မတန်အကြောက်လွန်ခဲ့သည်။

သူရဲ့ချစ်ခြင်းတွေကို ကြယ်လေးဆီ နောက်ဆုံးတစ်ခါလောက်တော့ ဖွင့်ဟဝန်ခံခဲ့ချင်သေးသည်။ကြယ်လေးကို ဘယ်လောက်မြတ်နိုးပြီး ဘယ်လောက်ထိချစ်ကြောင်းတွေကို ​တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး တစ်ညလုံးပြောပြချင်သေးသည်။

"ဦးသန့်~ ဘာတွေတွေးနေလို့ ကျွန်တော်ခေါ်တာကို မကြားရတာလဲ"

အတွေးထဲနစ်မြောနေတဲ့သူ့ကို လက်တို့ပြီးခေါ်မှပဲ သူသတိပြန်ဝင်လာတော့သည်။ ကြယ်လေးအကြောင်းတွေးလိုက်တာနဲ့ သူဟာအရာရာကိုမေ့တတ်သွားသည်။

"ကိုယ် မင်းကို ပြောစရာတွေအများကြီးရှိတယ် ကိုစစ်~~ အစက မပြောတော့ဘူးလို့တွေးထားပေမဲ့ နောက်တစ်ခါအခုလိုမျိုးထပ်ဖြစ်လာခဲ့ရင် ကိုယ်ပြောချင်တာတွေ မပြောလိုက်နိုင်မှာကို ကိုယ်အရမ်းကြောက်မိတယ်"

"ဦးသန့်~~ပြောချင်တာရှိရင် အကုန်ပြောလေ ကျွန်တော်နားထောင်ပေးမယ် ဒါပေမဲ့ ခွဲစိတ်ခံပါ့မယ်လို့ ကတိပေးရမယ်"

"အင်း!! ကိုယ်ကတိပေးပါတယ်"

သူ့ရဲ့အဖြေကြောင့် ကြယ်လေးသည် ကျေနပ်သွားဟန်ရှိကာ သူဘာပြောပြောနားထောင်ဖို့အသင့်ပုံစံနဲ့ ထိုင်စောင့်နေသည်။

"အံ့သြပါ့!!! ဆရာတို့များ အကိုလေးတစ်ခွန်းဆိုတစ်ခွန်းနော်~~ ဟို..ကျွန်တော် မြတ်ခကိုသွားစောင့်လိုက်ဦးမယ်"

သူတို့ကိုမဲ့ရွဲ့ကာပြောသွားတဲ့ စွမ်းဆောင်ကြောင့် နှစ်ယောက်လုံးပြိုင်တူရယ်မိကြသည်။ဒါက သူ့အတွင်းရေးမှူးလေး စိတ်ကောက်ရင် လုပ်တတ်တဲ့ပုံစံမျိုး!!!

If only I had loved U(ငါသာမင်းကိုချစ်ခဲ့လျှင်) (Own Creation)Where stories live. Discover now