My Only One (part-3)

Start from the beginning
                                    

Jin-မင်းကသရဲထက်ပိုကြောက်ဖို့ကောင်းတယ် ကဲပြောစမ်းပါဦး ဘာမွှေလာပြန်ပီလဲ မနေ့ကမှမင်းလုပ်လို့ တယောက်ဆေးရုံရောက်ထားတာနော်

Jimin-ဟဲဟဲ~~~မင်းကလဲကွာငါကအဲ့လူကြီးကိုစေတနာနဲ့ကူညီလိုက်တာပါ

ငါခုလာတာလဲအဲ့‌အကြောင်းပြောမလို့ကွ အဲ့လူကြီးကအတွင်းရေးမှူးလိုလို့တဲ့ ငါသွားလျှောက်ရင်ကောင်းမလားလို့

Jin-အမယ့်လေး မင်းကသွားလျှောက်မယ် မမွှေစမ်းပါနဲ့ဂျီမင်ရယ် ဟိုကဒဏ်ရာတောင်မပြောက်သေးဘူး

Jimin-မင်းကလဲ အဲ့တာမတော်မဆပါဆို သူငယ်ချင်းလေးတယောက်ရှိတာကိုအမြဲအဲ့လိုဘဲပြောနေလိုက် ဟွန့်...

Jin-နူတ်ခမ်းကြီးဆူပီးစိတ်ကောက်မနေပါနဲ့ ငါကမင်းပြသာနာတတ်မှာဆိုးလို့ပြောတာပါ ပီးတော့ အိမ်မှာထိုင်စားနေရင်တောင်ရတာကို ဘာလိုဖစ်လို့အလုပ်လုပ်ချင်တာလဲ

Jimin-သဘောကျလို့ပေါ့

Jin-ဘာကိုလဲ အတွင်းရေးမှူးနေရာကိုလား

Jimin-မင်းကလဲတုံးလိုက်တာ အဲ့တာကြောင့်ရည်းစားမရတာ  ငါအဲ့လူကြီးကိုကြိုက်လို့ အဲ့တာကြောင့်သူနားမှာနေရအောင် အလုပ်လျှောက်မလို့ပေါ့ကွ

ဟိုနေ့တွေ့ထဲကအသေကြွေသွားတာကွ ရုပ်ကလဲချော စတိုင်ကလဲမိုက် အသံကြီးကပါအသေကြွေ ငါတော့ သူနားမှာနေဖို့ ဘာမဆိုလုပ်မှာဘဲ

Jin-ဟိုကသူဌေးသားမှန်းသိသွားရင် ဘယ်လိုလုပ်မှာလဲ နာမ်မည်ကြီး Park Groupရဲ့သားဆိုသိသွားရင်ရော

Jimin-မသိလောက်ပါဘူးကွ ငါကလိမ်ထားမှာပေါ့ တော်ကြာနေသူဌေးသားမှန်းသိပီးအနားမကပ်ခံရင်ရော မဖစ်ဘူး ပေးသိလို့မဖစ်ဘူး မင်းလဲမပြောနဲ့နော်

Jin-ငါကဘယ်လိုပြောပြရမှာလဲ သူနဲ့မှမသိတာ

Jimin-ဘာလဲ မင်းကသိရင်တော့ပြောပြမယ်ပေါ့

Jin-မပြောပြပါဘူးကွာ ငါ့မှာငါ့အလုပ်နဲ့ငါတောင်မအားတာ ဘယ်ချိန်သွားပြောရမှာလဲ

Jimin-အဲ့တာလဲဟုတ်တာဘဲ မင်းရောရည်းစားလေးဘာလေးထား အိမ်ထောင်လေးဘာလေးပြုဖို့မစဉ်းစားဖူးလား

My Only One//Complete//Where stories live. Discover now