အပိုင်း ၂၀

Start from the beginning
                                    

"မေမေ ဖေဖေ သမီးတောင်းဆိုစရာရှိတယ်"

"ပြောလေသမီး"

"သမီးမှာ ချစ်သူ ရှိတယ် ဖေဖေ အဲဒါကြောင့် စေ့စပ်ပွဲကို ဖျက်သိမ်းစေချင်တယ်"

"ဟုတ်ပါတယ် ဖြိုးလဲ့ကို ကျွန်တော့် သမီးတစ်ယောက် လိုချစ်ပါတယ် စေ့စပ်ပွဲကို ဖျက်သိမ်းလို့လည်း ကျွန်တော့်ဘက်က အပြစ်မဆိုပါဘူး "

"အားနာစရာတွေ ဖြစ်ကုန်ပါပြီရှင်"

ထည်ဝါလည်း မထူးတော့သည့်အဆုံး နွေဦး မိဘတွေထံ ထည်ဝါတို့အကြောင်းဖွင့်ပြောရန် ဆုံးဖြတ်လိုက်သည် ထည်ဝါ မပြောခင် ဒယ်ဒီမှအရင်ပြောလေသည်

"အားနာပါတယ် ကျွန်တော် သားနဲ့သမီးဖြိုးလဲ့တို့
မင်္ဂလာ ပွဲဖြစ်မလာပေမယ့် သားဂျက်ကိုသမက်တော်ရမှာပါ"

ဒယ်ဒီ မှ ထည်ဝါအားမျက်စပစ်ပြလိုက်ပြီး နွေဦး မိဘတွေကိုဝန်ခံရန်အချက်ပြလိုက်သည်

"ဟုတ်ပါတယ် ဦးလေး ကျနော် နဲ့ကလေး အဲ
နွေဦး ကချစ်သူတွေဖြစ်နေပါတယ်"

"ဟင်"

နွေဦး မေမေမှာလန့်သွားသော်လည်း နွေဦး အဖေကမူ အံ့သြခြင်းမရှိ ထည်ဝါလည်း နွေဦးမိဘတွေ ခွင့်ပြုပေးရန်သာအကြိမ်ကြိမ် ဆုတောင်းနေမိသည်

"ဒီကိစ္စကို ကျနော် တို့မိသားစုတိုင်ပင်လိုက်ပါအုံးမယ် နောက်နေ့ကျရင်အကြောင်းပြန်လိုက်ပါ့မယ်"

"ဟင်ဖေဖေ သား"

"နွေဦး "

မဖြိုးက နွေဦးကိုလှမ်းတန့်လိုက်သည် တကယ်လို့ ဖေဖေသဘောမတူလည်း လူကြီးနောက်ကိုအပြီးလိုက်သွားရန် ဆုံးဖြတ်ထားလေသည် လူကြီးနှင့် လူကြီးအဖေတို့ပြန်သွားကြပြီးသော် နွေဦး အား ဖေဖေတို့ကစကားပြောရန်ခေါ်လေသည်

"သား နွေဦး ဒီကိစ္စကိုမေမေတို့ကို ဘာလို့မပြောတာလဲ"

"သားတောင်းပန်ပါတယ်မေမေ"

"ဖြိုးလဲ့ သမီးကရော မေမေ့ကိုဘာလို့မပြောတာလဲ"

"ကာယကံရှင် တွေကို ကိုယ်တိုင်ပြောစေချင်လို့ပါ"

မာဖီးယားကိုကို(Completed)On viuen les histories. Descobreix ara