‘အိုကေ’

ဂျောင်ဝူးကတံခါးဖွင့်ပေးတော့ ဟာနာက အလိုက်သင့်ကားထဲကိုဝင်လိုက်သည်။ ဂျောင်ဝူးများ ခါးပတ်ပတ်ပေးမလားဆိုတဲ့အတွေးနဲ့ ခါးပတ်ကိုမပတ်သေး။ ဖုန်းကြည့်သလိုလို ပစ္စည်းရှာသလိုလိုနဲ့ အချိန်ဆွဲနေလိုက်သည်။

ဂျောင်ဝူးကလည်းကားထဲဝင်လာပြီးစက်နှိုးလိုက်သည်။

‘ဒါဆို သွားတော့မယ်နော်...ခါးပတ်ပတ်လိုက်ဦး’

‘ဪ ဟုတ်’

သူ့ဘာသာသူပဲ ပတ်လိုက်ရပါသည်။

//   ///   ////

တစ်ခါတည်းပန်းခြံကိုတန်းသွားရင် ဘာမှလုပ်စရာမရှိမှာစိုးလို့ အနားက မားကတ်ထဲအရင်ဝင်လိုက်သည်။ မိန်းကလေးတွေရဲ့ စိတ်နဲ့သဘောထားကို ဈေးအတူတူဝယ်ကြည့်ရင်သိတယ်တဲ့။ ဒီလိုနဲ့ သူဟာနာရဲ့စိတ်ထားလေးကိုစမ်းသပ်စစ်ဆေးကြည့်ဖို့ဆုံးဖြတ်လိုက်သည်။

သူနဲ့တကယ်လိုက်ဖက်တဲ့ အမျိုးသမီးလားဆိုတာ ဒီနေ့တစ်နေ့တည်းမှာတင်သိချင်မိသည်။ ဒါမှလည်း ရှေ့ဆက်တိုးသင့်မတိုးသင့်စဉ်းစားမိမှာကိုး။

ကားရပ်ပြီး ခါးပတ်ဖြုတ်ကာဆင်းလိုက်ပေမယ့် ဟာနာကဆင်းမလာသေးတာမို့ ဘာဖြစ်လို့လဲဆိုပြီး ပြတင်းပေါက်မှန်ကို သွားခေါက်ပြီးမေးကြည့်လိုက်ရသည်။ တော်သေးတာပေါ့ ဘာမှမဖြစ်ဘူးတဲ့။ နောက်မှစဉ်းစားမိတာက သူတံခါးဖွင့်ပေးတာများစောင့်နေတာလားဆိုပြီး..

စဉ်းစားမိတဲ့အချိန်မှာတော့ ဟာနာကဆင်းလာပြီးနေပြီ။

*ပတ်ဂျောင်ဝူး မင်းကွာ...ဒီလိုအလိုက်သိတတ်ပုံမျိုးနဲ့ရည်းစားရတော့မှာပဲ*

‘ဟာနာ ဘာစားချင်လဲ..စားချင်တဲ့ဆိုင်သွားလိုက်’

‘ဟုတ်’

အဲ့မှာပြဿနာကစတက်တော့သည်။ ဂျောင်ဝူးကလမ်းလျှောက်ရင် ခြေတစ်ခါလှမ်းရင် ၂ ပေလောက်ကအသာလေး။ ဟာနာကတော့ ခပ်စိတ်စိတ်ပဲလှမ်းပြီး ဖြည်းဖြည်းချင်းလျှောက်သည်။
ယောက်ျားလေးတွေက နဂိုကတည်းက လမ်းလျှောက်မြန်တာမို့ ကောင်မလေးတွေနဲ့အတူလမ်းလျှောက်တဲ့အခါ သူတို့ဘက်ကိုစဉ်းစားပေးဖို့ စိတ်ကူးလိုက်သည်။

A Vet's Pet (Hajeongwoo/RuJeongwoo)Where stories live. Discover now