အခန်း(၁)

Start from the beginning
                                    

သူဟာ မက်မောစရာကောင်းတဲ့ လှောင်အိမ်ကြီးထဲမှာ ဘယ်လိုအသက်ရှင်နေထိုင်ဖို့နည်းလမ်းတွေကို ထိုကလေးငယ်အားသင်ပြပေးဖို့ သူ့ရဲ့၁၃နှစ်တာကာလကို အသုံးပြုခဲ့ပြီး ပြိုင်ဘက်အားလုံးကို ဖယ်ရှားနိုင်ဖို့ အမျိုးမျိုးသော မသမာတဲ့နည်းပရိယာယ်တွေနဲ့ ညစ်ပတ်တဲ့လျှို့ဝှက်အကြံအစည်တွေကိုအသုံးပြုခဲ့‌လေသည်။။ နောက်ဆုံးတော့ အလွန်ကြီးမားတဲ့ နန်းတော်ကြီးထဲမှာ သူတို့၂ယောက်ပဲ ကျန်ခဲ့တော့သည်။ အပျော်ကြူးပြီး ကိုယ်ကျင့်တရားပျက်တဲ့ ဘုရင်သေဆုံးတဲ့အခါမှာ ထီးနန်းပလ္လင်ကို သူ့နှလုံးသားထဲမှာ အကောင်းဆုံးဆက်ခံသူအဖြစ်မှတ်ယူထားသူက အမွေဆက်ခံခဲ့လေ၏။

သူဟာ ထီးနန်းကို ဘယ်တုန်းကမှမလိုချင်ခဲ့သလို အာဏာနဲ့ ကြွယ်၀ချမ်းသာမှုတွေကိုလည်း မတောင့်တခဲ့။
သူတန်ဖိုးအထားရဆုံးသော ညီငယ်လေးအတွက် အမြင့်ဆုံးနေရာဖြစ်တဲ့ ထီးနန်းကို ရယူခဲ့ရခြင်း၏ အကြောင်းရင်းမှာ ထိုသို့ပြုလုပ်ခြင်းကသာ သူ့ရဲ့ညီလေးကိုကာကွယ်ဖို့အတွက် စစ်မှန်သောနည်းလမ်းဖြစ်သည်ဟု ယူဆခဲ့သောကြောင့်ဖြစ်သည်။

ဆယ်နှစ်ကျော်ကာလအတွင်းမှာ သူတို့နှစ်ယောက်က တိရစ္ဆာန်ငယ်တွေလိုမျိုး တစ်ဦးကိုတစ်ဦးမှီခိုပြီး အနွေးဓာတ်အတွက် တစ်ဦးကိုတစ်ဦးပွေ့ဖက်ထားခဲ့ကြတာဖြစ်သည်။ သူတို့ကိုယ်တိုင်ကလွဲရင် တခြားဘယ်သူ့ကိုမှ သူတို့မယုံကြည်ခဲ့ဘဲ အချင်းချင်းအပြန်အလှန်သာယုံကြည်ခဲ့ကြသည်။ သူတို့ရဲ့စိတ်တွေက ဆင်တူတယ်လို့ သူတွေးထင်ခဲ့သည်။

ဒါ‌ကြောင့်ပဲ အကျဉ်းထောင်ကိုရုတ်တရက်အပို့ခံလိုက်ရသောအခါ ထိုအချင်းအရာကို သူ့ညီငယ်လေး၏ ဟာသတစ်ခုဟုတောင်ထင်ခဲ့သည်။ သူ့ကို ကြာပွတ်နဲ့ ရက်ရက်စက်စက်ရိုက်နှက်ခံခဲ့ရချိန်တွင် ထိုကလေးဟာ အကြံသမားတွေရဲ့ လှည့်စားခြင်းကို ခံခဲ့ရခြင်းဖြစ်လိမ့်မည်ဟု တွေးတောခဲ့သော်လည်း နောက်ဆုံးမှာတော့
သူ့အစ်ကိုကြီးရဲ့ စိတ်ထဲမှာ ဘာရှိသလဲဆိုတာကို သိသွားပါလိမ့်မည်။

ကြေးညိုမီးကင်ပေါင်းချောင်ကို သူ့အပေါ်တွင် အသုံးပြုတဲ့အခါ သူ့ရဲ့ညီလေးက နားလည်သွားလိမ့်မည်၊ သူ့ရဲ့ညီလေးက နားလည်သွားလိမ့်မည်ဟု သူ့ကိုယ်သူပြောရင်း စိတ်ဖြေသိမ့်ခဲ့သည်။

နွေဦးသစ်ပင် နေ၀င်တိမ်တိုက် {Spring Trees and Sunset Clouds}Where stories live. Discover now