"ဘေဘီကားက အရင်ရှေ့ကထွက်
ကိုယ်ခြံတံခါးဖွင့်ထားပေးမယ်"

ထယ်ယောင်းကဖိနပ်ကြိုးချည်နေရင်း
ခေါင်းငြိမ့်ပြလိုက်သည်။
ကျောပိုးအိတ်ကိုလွယ်ကာအိမ်ထဲကထွက်ဖို့ခြေလှမ်း
ပြင်တော့လည်း ရှေ့ကမဖယ်ပေးတာ
မလို့မော့ကြည့်လိုက်တော့
ပြုံးပြီးရပ်ကြည့်နေတာ။

"သွားတော့မလို့ ဖယ်ပေး"

"မနက်စာပြင်ပေးတာ ဆုမပေးချင်ဘူးလား ဘေဘီရဲ့..."

အရင်ဆိုရင်ပေးမိမှာ။
အခုကပေးစရာလား!။
ခပ်တည်တည်နဲ့ပဲခေါင်းခါပြလိုက်သည်။

"ဘေဘီက ကိုယ့်ကိုစိတ်ကောက်နေတာပဲ ညကအော်မိလို့တောင်းပန်ပါတယ်
ပြီးတော့.... ရာအင်းဆီကိုညဘက်တွေ
မသွားပေးတော့ဘူး nurseငှားပေးထားလိုက်မယ်"

ဂျောင်ဂုပြောလည်းရှေ့ကကောင်ဆိုးလေးကသူ့ကိုဂရုစိုက်ဟန်တောင်မပြ။
သိပြီဆိုတဲ့အကြည့်နဲ့ကြည့်ကာ
ကျောင်းသွားဖို့သာအာရုံရနေသလို။
အသည်းယားလာတာနဲ့
လက်နှစ်ဖက်က
ဘေဘီ့ကျောပြင်ကိုသိုင်းဖက်ပြီး
ခေါင်းလုံးလုံးလေးပေါ်မျက်နှာအပ်လိုက်တော့သည်။
မွှေးပျံ့နေတဲ့shampooနံ့သင်းသင်းလေး။
ပြီးတာနဲ့မျက်နှာချင်းဆိုင်ကြည့်လိုက်တော့ နှုတ်ခမ်းရဲရဲလေးကထော်ပြီးသူ့ကိုမကြည်ကြည့် ကြည့်နေလေရဲ့။
ဆက်ခနဲနမ်းလိုက်တော့ ရင်ဘက်ကိုလက်တစ်ဖက်က လာရိုက်တော့တယ်။

"ကိုယ့်ကိုရိုက်တယ်ပေါ့ လူကြီးကိုနော်
ငရဲတော့ကြီးတော့မှာပဲ"

ပြောပြီးတာနဲ့ ရင်ခွင်ထဲရောက်နေတဲ့ဘေဘီကိုခါးကပွေ့ပြီး
နူးနူးညံ့ညံ့နှုတ်ခမ်းလေးကို
နမ်းရှိုက်လိုက်တော့သည်။
အမြဲတမ်းရင်ခုန်လှိုက်မောရပါသော
ကိုယ့်ရဲ့ဘေဘီလေးရေ.....
ကိုယ်မင်းကိုဘယ်လောက်ထိချစ်တယ်ဆိုတာ......
မင်းအကြွင်းမဲ့ယုံကြည်လာပါစေ
ကလေးရယ်......။
ရင်ထဲမှာဖြစ်ပေါ်လာသော
အချစ်စိတ်တို့နဲ့အတူ
ကိုယ့်ရဲ့အနမ်းတွေဟာဘေဘီအပေါ်မှာ
နူးညံ့ညင်သာနေခဲ့တယ်ဆိုတာ
သိပါလေသလား။

"ချစ်တယ်....ဘေဘီ
ညနေကြကိုယ်စောစောပြန်ခဲ့မယ်"

ထယ်ယောင်းပြုံးပြီးခေါင်းငြိမ့်ပြလိုက်မိပါသည်။
ကျွန်တော့်ရဲ့ဂျွန်ကဘယ်လောက်ပဲ
ဆိုးနေပါစေ ကျွန်တော်ချစ်တယ်။
ကျွန်တော့်ကိုလည်း ဂျွန်ကသဲသဲလှုပ်ချစ်ပေးတာပဲလေ။
ကူညီချင်တဲ့
စိတ်ကလည်း
တအားကိုပေါများလို့ ကျွန်တော်
ရူးသွားနိုင်လောက်တဲ့အထိကို
သဘောကျရတာ ဒီလူကြီးကို။
ကျွန်တော်ကံကောင်းတာလား
ကံဆိုးတာလားမသိ။
သူကူညီတဲ့သူက သူ့EXဖြစ်နေတာကိုပေါ့။

 Simplicity of love √Completed √Where stories live. Discover now