ရှိုင်းပေါက် ကသူကာကွယ်စောင့်ရှောက်ပေး
ချင်တဲ့တစ်ဦးတည်းသောသူငယ်ချင်းလေး ။
ကိုကြီး ရှိတုန်းက သူ့ကိုအမြဲကာကွယ်ပေးခဲ့
သလို ရှိုင်းပေါက် ကိုသူကာကွယ်ပေးချင်
သည် ။ ဒီသူငယ်ချင်းလေးအပေါ်ကျူးလွန်မိ
တဲ့အပြစ်တွေက ခွင့်လွတ်နိုင်စရာမရှိတာမို့
ပိုးလေး အသက်ရှင်နေသရွေ့ဒီအပြစ်ကြွေး
အတွက် ရှိုင်းပေါက် ကိုကာကွယ်စောင့်ရှောက်
ရင်းနဲ့ပြန်ပေးဆပ်သွားမည် ။

" မိုးကအရမ်းသည်းလာတာဘဲ အေးနေလား "

သူ့အမေးကို ရှိုင်းပေါက်္ ကခေါင်းရမ်းပြပြီး
ပြန်ဖြေ၏ ။ သူ တစ်စုံတစ်ယောက်အတွက်
Cake ကောင်းကောင်းလေးလုပ်ပေးချင်ခဲ့ပေ
မယ့် သိပ်မကျွမ်းကျင်တဲ့အလုပ်ကြောင့်ထင်
ထားတာထက်ပိုပြီးအချိန်ကြာသွားခဲ့သည် ။

သူတို့ပြန်လာတော့မှောင်နေချေပြီ ။ ရှိုင်း
ပေါက် ကိုအိမ်အမြန်ပြန်ပို့ပေးချင်ပါတယ်
ဆိုမှ မိုးမင်းကြီးက ပိုးလေး ကိုအမြင်ကပ်
နေသလားမသိ သည်းကြီးမဲကြီးကိုရွာချလာ
ပြန်သည် ။

" ပိုးလေး...ပိုးလေး...ခနရပ်ဦး "

" အမ်...ဘာဖြစ်လို့လဲ..."

ရှိုင်းပေါက် ကမိုးရွာတော့ရှူးပေါက်ချင်လို့
လားမသိ..ကားရပ်ခိုင်းနေတာနဲ့ ပိုးလေး ကား
ကိုလမ်းဘေးချကာရပ်ပေးလိုက်သည် ။ ကား
ရပ်လိုက်တာနဲ့ ကိုယ်တော်ချောက ဘာမပြော
ညာမပြောနဲ့ဆင်းပြေးသွားချေပြီ ။

" နေဦးလေ....ဟာ...ရှူးထွက်ကျတော့မှာမလို့
လားမသိပါဘူးကွာ..."

ပိုးလေး လည်းဘေးကထီးဆွဲယူပြီးတစ်ဖက်
လမ်းကိုပြေးသွားတဲ့ ရှိုင်းပေါက် နောက်ပြေး
လိုက်သွားသည် ။ သူတစ်ဖက်လမ်းကိုရောက်
သွားတော့ ရှိုင်းပေါက် ကရေမြောင်းဘေးမှာ
ငုတ်တုပ်လေး...။

" ရှိုင်းပေါက်.."

" ပိုးလေး....ဖုန်းပါလား...ငါ့ကိုမီးထိုးပေးပါ
လား.."

ပိုးလေး ဘောင်းဘီအိတ်ထဲကဖုန်းထုတ်ပြီး
ရှိုင်းပေါက် ဘက်ကိုမီးဖွင့်ပေးလိုက်သည် ။

" ဟာ......ကြောင်ပေါက်လေး..."

ရှိုင်းပေါက် ထိုင်နေတဲ့ရေမြောင်းထဲမှာကြောင်
ဖြူလေးတစ်ကောင် ။ မိုးရေတွေကြောင့်ရေ
မြောင်းထဲက ကြောင်လေးကရေနှစ်တော့မ
လိုလို.....။

💞 Eternal Love 💞 { Completed }Where stories live. Discover now