Crush 💜 ep-20

885 81 4
                                    

Unicode

မနက်ဖြန်ဆိုခွဲရတော့မဲ့ချစ်ရသူကြီးရဲ့ရင်ခွင်ထဲနစ်ဝင်အောင် ဖက်တွယ်ထားသော ကလေးငယ်

SN - " Hyung ~"

SH - " ဘာဖြစ်လို့လဲ ကလေး"

SN - " ဆောနူသာ Hyungကိုမသွားဖို့ဆွဲထားမယ်ဆိုဘာတွေဖြစ်လာမလဲ ဟင် "

SH - " ဒီကလူကြီးက ကလေးအနားမှာဘဲရှိနေမှာပေါ့ Appaတို့နဲ့တော့ပြသာနာနဲနဲရှိသွားမယ်လို့တော့ထင်တယ် ဘာလို့လဲ ကလေးကကိုယ့်ကိုမသွားစေချင်လို့လား အဲ့ဆိုကိုယ်မသွားတော့ဘူးလေ "

SN - " Hyungအပေါ် Appaတို့ကအရမ်းမျှော်လင့်ထားတာ Hyungသွားရမှာပေါ့ ဆောနူလိုလူကဆွဲထားတာကတော့မဖြစ်သင့်ဘူးမလား"

SH - " ကလေးရာ အဲ့လိုမပြောပြနဲ့"

SN - " လူကြီးက ဆောနူလေးကိုလွမ်းနေပေးပါနော် မဟုတ်ဘူး သတိရပေးရုံလေးလဲရပါတယ် "

_သူ့လူကြီးမျက်နှာကိုလက်လေးနဲ့ကိုင်ကာရင်ခွင်ထဲက‌နေ မော့ကာကြည့်ပြီး ပြောနေသော
ကလေးငယ်

SH - " ကလေးကို လူကြီးကဘယ်လောက်ချစ်လဲဆိုတာသိရဲ့သားနဲ့ အမြဲ‌ဒီကလေးလေးဆောနူအကြောင်းဘဲခေါင်းထဲရှိနေတာမို့ ယုံကြည်ပေးပါ"

SN - " ဒီလူကြီးက အခုလိုအနီးကပ်မြင်‌ရလဲ အရမ်းချောတာဘဲ ဒီမျက်ခုံးထူထူလေး ။ ဒီမျက်လုံးလှလှလေး ။ မျက်လုံးဘေးရဲ့နှာရိုးလေးပေါ်ကမှဲ့နက်နက်လေး ။ နှာတံဆင်းဆင်းလေး နဲ့ ပန်းနုရောင်အမြဲသမ်းနေတဲ့ နှုတ်ခမ်းပါးလေး လူကြီးရဲ့ပြည့်စုံလွန်းတဲ့ မျက်နှာလေးနဲ့ ကိုယ်သင်းရနံ့လေးကို သေမတက်လွမ်းနေမိတော့မှာ" ပြောရင်း မျက်ရည်များက တသွင်သွင်စီးကျလာတယ်

_"ကျွန်တော့မျက်နှာ အစိတ်အပိုင်းတခုစီကို ကလေးငယ်ရဲ့လက်လှလေးနဲ့ထိတွေ့ရင်း သူလွမ်းနေရတော့မဲ့အကြောင်းကိုပြောရင်းမျင်ရည်တွေနဲ့ ကျွန်တော့ကလေးငယ်"

SH - " ကလေးရယ် မငိုပါနဲ့ကွာ ကလေးမျက်ရည်မြင်တိုင်း ကိုယ်ရင်ကွဲမတက်ခံစားရလို့ပါ ကိုယ်လဲ ကလေးနဲ့မခွဲချင်ဘူး ။ ကလေးရဲ့မြေခွေး‌လေးနဲ့တူတဲ့ ဒီမျက်လုံးကအကြည့်လေးတွေ ။ နှာခေါင်းချွန်ချွန်လေးနဲ့ ပန်းရောင်သမ်းနေတဲ့ ပါးမို့မို့လေးရယ် ဒီနှုတ်ခမ်းလေးရယ် ။ ပြီးတော့ ကလေးရဲ့ရီသံလေး နဲ့ အပြုံးလေး တွေသာမမြင်ရတော့ရင် ကိုယ်နေနိုင်ပ့ါမလားမသိဘူး" ပြောပြီးကလေးငယ်ရဲ့နှာဖူးလေးကိုငုံ့နမ်းလိုက်တော့ ပါးလေးနှစ်ဖက်နဲ့ နားရွက်လေးတွေပါ နီရဲလာတယ် သေချာတယ် ကလေးငယ်ရှက်သွားတယ်ဆိုတာ

Crush [Completed]Where stories live. Discover now