[Congratulations Host 7 points ရပါတယ် ယခု Host ရဲ့ လက်ရှိPointsအရေအတွက် 57Points ပါ ကျားယို့  ]

"7Points တည်း ပေးပြီး ရာဝင်အိုးစကားတွေပြောနေပြန်ပြန်ပြီ ''

[စေတနာနဲ့ ဒီက 7points ပေးတာကို ဖင်လှန်ပြနေပြန်ပြီ တကယ်တည်း ၃ပွိုင့် ပိုပေးထားတာ သူများက ]

"အေးပါကွာ ကျေးဇူးအထူးတင်ရှိပါတယ် ကျေနပ်ပြီလား ''

[Host အပြင်မှာ ဇာတ်လိုက်က Host ကို လိုက်ရှာနေတယ် ]

"အာ ဟုတ်သားပဲ မေ့နေတာ သိပြီ ''

ပရင်းသည် မတ်တပ်ထရပ်ရန်ပြင်လိုက်သည်။

"အမယ်လေးဗျ ''

"ဘာဖြစ် အလျင်စလို ထရပ်တော့ လဲကျမှာပေါ့ လာ ကိုယ်ကူညီမယ် ''

ဝမ်သည် မိမိအား ရန်စွာပြီး ငြိမ်သက်လျက် ဘာစဉ်းစားနေတာလဲ မသိသည့် မိန်းမငယ်လေးအား ကြည့်နေမိသည် ။

အင်း ချစ်စရာလေးပဲ

ရုတ်တရက် ထရပ်ပြီး ဆိုဖာပေါ်ပြန်ထိုင်ကျသွားတဲ့ သူမကြောင့် အသိဝင်လာပြီး ပြောလိုက်သည် ။

"ရတယ် မလို အ ''

"မင်းက မလိုဘူးလေ ခြေထောက်က အကူအညီလိုနေတယ် ''

ပြန်ထရင်းလဲကျသွားတဲ့ ကိုယ်လေးကို ထိန်းပေးရင်း ပြောလိုက်တော့ ရင်ခွင်ထဲက မျက်စောင်းတခဲခဲ လုပ်နေသေးသည့် သူလေး။

"ဒါက ဘယ်လိုဖြစ်နေတာလဲ! !!''

"အစ်ကိုနွတ် ''

နွတ်သည် ပရင်းကို ရှာရင်း မတွေ့သည်မို့ ဝန်ထမ်းမလေးတစ်ဦးကို မေးပြီး ကုန်တိုက်၏ ပြောရေးဆိုခွင့်ရှိသူကို ရှာခိုင်းရန် စိတ်ကူးလိုက်သည်။

မန်နေဂျာ၏ ရုံးခန်းထဲရောက်တော့ မြင်လိုက်ရသည်က ပရင်းနှင့်လူတစ်ဦး ဖက်နေသည့်မြင်ကွင်း။

တစ်ဖက်လူဆီကနေ ပရင်းကို ဆွဲယူကာ
နွတ်မေးလိုက်သည်။

"ပရင်း ဒီလူက ပရင်းကို ဘာလုပ်လိုက်တာလဲ အစ်ကို့ကို ပြော ''

နွတ်သည်ပရင်းကို မေးနေပေမယ့် ဘေးက လူအား အရေးမလုပ်သလို ကြည့်တောင်မကြည့်ဖြစ်။

Peculiarly System [Completed ]Where stories live. Discover now