"ကလေးရာ ကိုဒီလောက်ထိတောင်းပန်နေတာတောင်အခုထိစိတ်ဆိုးမပြေသေးဘူးလားကွာ"

"ဟွန့်...စိတ်ဆိုးတယ်ဟုတ်လား..အဟက်...အတော်ရီစရာကောင်းပါလား ဦမုဏ်းစေတန်ရာ ကျတော်ကစိတ်မဆိုးပါဘူး စိတ်ပဲနာတာ ဘယ်လောက်ထိအောင်စိတ်နာလဲဆိုရင် ခင်ဗျားမျက်နှာကို နောက်ထပ်တစ်ခါ ထပ်မတွေ့ချင်လောက်အောင်ကိုစိတ်နာတာ"

နှုတ်ခမ်းထက်မှ မည်မျှပင်ရက်စက်ချင်နေကာမူ နှလုံးသားကတော့ ဆက်မိုက်ချင်နေသေးသည်။

မခုန်ချင်စမ်းပါနဲ့ နှလုံးသားလေးရယ် အချိန်တန်ရင်  မင်းပဲနာကျင်ရလိမ့်မယ် ....

"ဟူး..."

လေပြင်းရှည်တစ်ချက်ကိုမှုတ်ထှုတ်လိုက်သောဦးကတော့ သူ့အားစိတ်ပျက်နေပြီထင်ပါရဲ့...

ဟုတ်ပါသည်လေ ဒီလိုစိတ်ပျက်လာအောင်လည်း သူတမင်ဖန်တီးခဲ့သည်မဟုတ်လား။

အချိန်ကြာလာလို့ ပိုခံစားရမဲ့အတူတူ အခုအချိန်ထဲက လမ်းခွဲကြတာဟာ နှစ်ယောက်ဆုံးအတွက်အကောင်းဆုံးပင်မဟုတ်ပါလား....

မနာကျင်ဘူးလားလို့မေးရင်တော့...မသေရုံတမယ် လေးပေါ့....

"အဲ့တာဆို သည်းငယ်ကျေနပ်အောင် ကိုဘာလုပ်ပေးရမလဲ... "

"သေလိုက်...လဲသေလိုက်...အီး...ဟင့်...ဟင့်"

သူ့အားပြောပြောဆိုဆိုနှင့်မိုးရေစက်များအကြားပြေးထွက်သွားတဲ့ကလေးငယ်အား အံ့သြစွာနှင့်ပင် ငေးမောစွာသူရပ်ကြည့်နေမိလေသည်။

မင်းကိုယ့်ကို အဲ့လောက်ထိတောင် နာကျည်းသွားပြီလားသည်းငယ်ရာ....

လောင်မြိုက်နေသော နှလုံးသားလေးအတွင်းမှ ဝေခွဲမရနိုင်သော အချစ်စိတ်တို့ကြောင့် မွန်းကျပ်စွာ ထွက်ပေါ်လာသော မျက်ရည်စများကိုတော့ ပါးပြင်တစ်လျောက်လွပ်လပ်စွာ ကျဆင်းခွင့်ပေးလိုက်လေသည်။

ဒီမျက်ရည်တွေကို မင်း​တွေ့ရင်
ကို့အချစ်တွေကို မင်းနားလည်ပါလိမ့်မယ်သည်းငယ်....

"အီး....ဟင့်....ဟင့်....ဘာလို့လဲ....ဘာကြောင့်ကျတော့အပေါ်ဒီလိုရက်စက်နိုင်ရတာလဲဟင်...ဟင့်...ဟင့်..."

❣❣အို...ဦးနော်❣❣Where stories live. Discover now