"ဒီမှာ ငါတို့ကပင်လယ်ဓားပြတွေကွ
ကုန်းဓားပြလည်းမဟုတ်သလိုကုန်းနေရေနေဓားပြလည်းမဟုတ်ဘူး"

"အဲ့တာဆိုလည်းကုန်းနေရေနေဓားပြလုပ်ကြမယ်လေ
နှစ်ခုလုံးမှာတိုက်လို့ရတော့အဆင်ပြေတာပေါ့"

"အဲ့လိုမဟုတ်...ငါကသဘောပြောပြတာ
ပင်လယ်ဓားပြဆိုတာကုန်းပေါ်မှာဘယ်တော့မှဓားပြတိုက်မစားဘူး
ဒီအခြေအနေတွေအတွက်ငါ့မှာအသင့်ပြင်ဆင်ထားတာရှိပါတယ်"

"အင်းးးဘာလဲ"

"ငါတို့ဓားပြတစ်ခါတိုက်တိုင်းပြောရမယ်ဆိုငါအဲ့ထဲကနည်းနည်းစီဖဲ့ယူထားတာတွေရှိတယ်
အဲ့တာကိုငါ့ရဲ့ဗီရိုထဲမှာသိမ်းထားတယ်"

"ဂျွန်ဂျောင်ကု!!! မင်းးးး"

"ဘာလဲ ဒီလိုအရေးပေါ်အခြေအနေကျသုံးလို့ရတယ်လေ"

"မင်းတကယ်လွန်တာပဲ"

"မကျေနပ်လည်းနေ
ငါအဲ့လိုသိမ်းထားလို့ခုဝယ်လို့ရတာမလား
မင်းနောက်မှငါ့ကျေးဇူးတင်လိမ့်မယ်"

"ကောင်းပြီ ကောင်းပြီ
အဲ့တာတွေကဘယ်မှာလဲ"

"ငါ့အခန်းထဲမှာ သွားယူလိုက်မယ်"

"ငါလည်းလိုက်မယ်
ဒါကိုအတည်ပြုရမှဖြစ်မယ်"

"မလိုက်နဲ့"

"ဘာလို့လဲ"

"ငါ့ရဲ့ကလေးလေးအိပ်နေလို့မင်းအသံအာပြဲကြီးနဲ့ဆိုနိုးသွားလိမ့်မယ်"

"မင်းဆီမှာဘယ်တုန်းကကလေးကရှိသွားရပြန်တာတုန်း"

"မင်းသားလေးကိုပြောတာဟေ့
ဘယ်ကကလေးကရှိရမှာလဲ
ချစ်စနိုးနဲ့ခေါ်တာသိပြီလားငတုံးရဲ့"

"အဲ့တာလူလိုပြောလေ"

"လူလိုပြောနေတာပဲလေမင်းကနားမလည်တာ
တော်လိုက်တော့...ငါသွားတော့မယ်"

ချက်ချင်းထိုင်နေရာကနေဘောင်းဘီကိုဖုန်ခါချပြီးထွက်သွားသူကိုကြည့်ရင်းထယ်ယောင်းတစ်ယောက်တော့အစိတ်စိတ်အမွှာမွှာခြေမွချင်စိတ်ဖြစ်ပေါ်လာသည်။
ဘယ့်နှယ့်သူ့ဝေစုလည်းယူသေးတယ်
ကြားထဲကဘတ်ထားသေးတယ်တဲ့လား

ဒီလိုလူနဲ့သူငယ်ချင်းတော်ထားရတာတော့တကယ်စိတ်လေပါသည်။
လာခေါ်ကတည်းကသူ့သင်္ဘောပေါ်မလိုက်ပဲမြို့မှာပဲနေခဲ့ရင်ဒီအချိန်ဆိုဥစ္စာပေါရုပ်ချောလေးဆိုပြီးပျိုမဒီတွေဝိုင်းနေမှာသေချာတယ်၊အခုတော့ဒင်းကြောင့်...

CAPTAIN JEON{Completed}Onde histórias criam vida. Descubra agora