"ဦးငယ် ကျွန်တော်တို့မမှားတော့ဘူး
ပိစိလေး စကားပြောနေပြီ
ဒါဆို အိမ်ခေါ်ထားလို့ ရနေပြီပေါ့နော် "

"ဒါပေါ့ လူအသွင်ယူနိုင်ဖို့ လူတွေနဲ့ နီးကပ်နေရမယ်
အပင်သဘာဝအတိုင်း စကားမပြောတတ်ခင်အထိ တောထဲမှာ ရှင်သန်စေပြီးသွားပြီ ခုစကားပြောတတ်လာပြီဆိုတော့ဗီဇကူးပြောင်းချင်နေပြီဆိုတဲ့ သဘောပဲ "

"ကောင်းလိုက်တာ ဦးငယ်
အိမ်မှာ ပိစိနဲ့ နေ့တိုင်း စကားပြောလို့ရပြီ
ရေးးးးးး "

ကလေးငယ်ကပျော်ရွှင်နေသလောက်
လိုက်မမှီတော့တဲ့သူက ရှောင်းကျန့်
အခုသူ့ကို ဒီလူတွေက ခေါ်သွားမယ်ပြောနေတာလား
တောထဲမှာ တစ်ယောက်တည်း
အပင်လေးအဖြစ် တသက်လုံး မနေချင်ပါဘူး
ဒါပေမယ့် စကားပေါတဲ့ ကလေးပေါက်စနဲ့
ရန်စတတ်တဲ့ လူ​ကြီးဆီလည်း မလိုက်ချင်ဘူးရယ်
Xiao Paing ရေ ပို့လည်းပို့တတ်ပါပေ့
မိသားစုဘဝတည်ဆောက်ခြင်းအတွက်
လက်တစ်ဖက်​ကို ဖြတ်ပြီး
​မြေကြီး ထိုးစိုက်လိုက်ရင် ပင်စည်မှမျိုးပွားခြင်းဆိုပြီး real life အတွက် save ဖြစ်ပေးလိုက်ပါလားဟင်
ကမ္ဘာပြောင်းချင်နေပြီ

*အဲလောက်မလွယ်ပါဘူး hostလေးရယ်
စိတ်မကောင်းလိုက်တာ *

*ပျော်နေတာလား xiao paing
သူများဒုက္ခရောက်နေတာကိုလေ*

*hostရေ xiao paingနဲ့ စကားနိုင်လုနေမယ့်အစား လက်ရှိအခြေအနေကို ပိုပြီးအာရုံစိုက်​နေသင့်တယ်နော်
ပြောင်းရွှေ့စိုက်တဲ့အချိန်က အပင်လေးတွေအတွက် အန္တရာယ်အများဆုံး ကာလပဲလေ
အခန့်မသင့်ရင် အသက်အန္တရာယ်ထိခိုက်နိုင်တယ်*

xiao paing ပြောမှ သတိထားမိတယ်
အပင်လေးရှောင်းကျန့်ရဲ့ မြင်ကွင်းတွေက မြင်​ေနကျပုံစံနဲ့ မတူတော့
လူရွယ်နဲ့ တော်တော်လေးနီးကပ်နေတဲ့ အနေအထားမှာရှိနေသည် အတိအကျပြောရမည်ဆိုလျှင်တော့ လူရွယ်ရဲ့ လက်ထဲသို့ ရောက်ရှိနေလေပြီ

"ဦးငယ် ပိစိလေး နေလို့ အဆင်ပြေရဲ့လားပဲ"

"စိတ်မပူနဲ့ Peter
သူလေးကို စပျိုးထောင်ကတည်းက
ဦးငယ်သွေးနဲ့ ဓာတ်ဆာဖြစ်စေခဲ့တာမို့ ဦးငယ်သွေးက သူ့ကို ကောင်းကောင်းလုံခြုံစေမှာပါ "

ဆန်းဆန်းကြီး systemWhere stories live. Discover now