အပိုင်း (၂၀)

Mulai dari awal
                                    

" ကျန့်! စတာကိုကွာ ... ဒီဘက်လှည့်ဦး "

အပြောထက်အရင် လက်က ရှောင်းကျန့် ပခုံးကို ဆုပ်ကိုင်ကာ အတင်း သူ့ဘက် လှည့်ခိုင်းသည်။ ဘာလား ကျောက်တုံးကျလို့ နေရာကကို မရွေ့ဘူး။

" သဘောလေ... မလှည့်ရင် ငါသွားပြီ "

" လှည့်ပြီ လှည့်ပြီ "

မျက်မှောက်ကြုတ်နေသည့် ကျန့်၏ နဖူးလေးကို တစ်ချက်ထုရင်း ခပ်ဟဟ ရယ်မိသည်။

" စိတ်ဆိုးနေတာကြီးကလည်း ငါ အူယားလာပြီ ကိုကိုကျန့်ရာ "

ကိုကိုကျန့်လို့ ခေါ်ရင် ရှောင်းကျန့် မျက်နှာက ဖြီးလာတတ်တာ သူသိသည်။

" ဟာ ဝမ်ကလည်းကွာ... စိတ်ထအောင် လုပ်ပြန်ပြီ "

" ငါယိုးမ ဘုရင်စုတ်! မီးပုံးလို့ ဘယ်အချိန် ပေါက်ကွဲမလဲ မသိတဲ့ ဒီဗိုက်ကို အရင်ကြည့်ပြီးမှ တဏှာ အပြောလေး ပြော "

" နောက်ကျ တွေ့မယ် လူလည်ကောင်လေး... "

ရိပေါ်ကတော့ လျှာထုတ်ပြောင်ပြကာ အသီးပန်းကန်ကို မောင်းပိုင်စီးထားသည်။ ရှောင်းကျန့်က ငါ့လင်ပါ။
သူ့ အညှာ ငါသိတာပေါ့ ဟားဟား။

အချိန်တွေကတော့ သူ့ ရဟတ် အတိုင်းကုန်ဆုံးလာကာ အကြားအမြင်ရနေတဲ့
သူယောက်ျား ရှောင်းကျန့်ကတော့
ရိကျန့်(မင်းသားသုံး)ကို ချော့မြူနေသည်။

ရိပေါ်ကတော့ ဝမ်းက ကျွတ်ရင် အစားရော၊ အအိပ်ရော သောင်းကျန်းတာ ဝက်လုံးလုံး ဖြစ်နေပြီ။ သူ့ယောက်ျားကလည်း အရမ်းကို စောင့်ထိန်းတော့လေ
သာယာနေတဲ့ သူ့ ဗိမာန်ကလေး။

သားကြီး ရှောင်းဝမ်လေးက ဝမ်ကျန့်လေးနှင့် ကစားနေပြီး ချစ်စဖွယ် သာယာတဲ့ သူတို့ မိသားစုကလေး‌ပါလေ။
အင်း... မတော်လို့ သားတွေများ ထီးနန်းလုရင်း ဘုရားရေ ရင်ကျိုးရချည်ရဲ့။

" ကျန့် ... "

" ဗျာ "

" သားသုံးယောက်လည်း ရပြီ... ငါ အတည် နောက်ထပ် ကလေးမယူတော့ဘူး "

ထိုအခါ ရှောင်းကျန့်မှာ ပြူးတူးပြဲတဲ ချစ်သက်ထားကြင်ယာတော်လေးနား ကပ်ကာ ချွဲမိတော့သည်။သားတွေကတော့ တည်ငြိမ်တဲ့ သူတို့ အဖေကို ကြည့်ပြီး ကြောင်အအ။

ဧကရာဇ်ရဲ့  မူပိုင်လူ [[ Completed  ]]Tempat cerita menjadi hidup. Temukan sekarang