Ep-4🍁💫

1.6K 132 15
                                    

Uni💫

ကောင်းကင်ပြာပြာကို အကြောင့်မဲ့ငေးလို့...
*ကျဲ ရောခုချိန်ဘာလုပ်နေမလည်း ?
လွမ်းလိုက်တာ အရင်ကလို မနက်လင်းတိုင်း ကျဲမျက်နှာလေးမတွေ့ရတော့ဘူး *

သစ်ကိုင်းပေါ်တွင်ခိုနားလို့ တကျွီကျွီ အော်မြည်ကာ ချစ်ကြည်နူးနေကြသော အချစ်ငှက်နှစ်ကောင်ကို ကြည့်လို့ သူမ ပြုံးနေမိသည်။

"မင်းသမီး "

အဆောင်အပြင်ဘက်မှ အသံကြောင့် မျက်နှာထက်တွင်ပဝါဖြူလေး ထက်တင်လို့..

"အာဝင်ခဲ့ပါ"

ဝင်ရောက်လာသော
သူမကဲ့သို မျင်နှာထက်တွင် ပါဝါအုပ်ထားသောခပ်ငယ်ငယ်အမျိုးသားတစ်ဦး ဝတ်ပုံစားပုံက တော့
Li တိုင်းပြည်ကပါဘဲ။
ချပ်ဝတ်တန်စာ ပုံစံကတော့ ကြည့်ရတာ မင်းမျိုးနွယ် တွေရဲ့ ကိုယ်ရံတော် ငါလည်း သူ့ကုိမမြင်ဖူးပါဘူး။

"ကျွန်တော်က မုချင် လို့ခေါ်ပါတယ် ဝမ်ဖေး
ဝမ်ဖေးရဲ့ ကိုယ်ရံတော်ပါ "

" အာLiLy က ဝမ်ဖေမဖြစ်သေးပါဘူး မင်းသမီးဘဲ ရှိပါသေးတယ် "

"ဟုတ်ကဲ့Li မင်းကြီးရဲ့ အမိန့်တော်နဲ့ "

"ကောင်းပါပြီ ခမည်းတော်အမိန့်ဆိုမှ တော့လည်း "

"ခွင့်ပြုပါအုံး မင်းသမီး "

ပြုံးပြပြီးသာခေါင်းငြိမ့်ပြလိုက်သည်။
မုချင် ဆိုသူ ထွက်သွားမှ သူမလည်း
‌အခန်းတွင်းမှ ထွက်လာလိုက်သည်။
သူမသတိထားမိသည် ရောက်တဲ့ညကစလို့
ဒီနန်းတော်ကြီးတစ်ခုလုံးဟာ
နေရာအနှံ့တွင် ကြာကန်များနှင့် အဆောင်တိုင်းလိုလိုတွင် ကြာကန်များရှိသည်။
ဒါဟာလည်း သေချာပေါ့ အရှင့်အချစ်တော်လေးအတွက် ဖြစ်ပါလိမ့်မည်။

သူမအဆောင်အတွင်းရှိ ကန်တွင်တော့ ကြာများ စုံလင်သော်လည်း ကြာဖြူမရှိ
ကြာကန်နား‌တွင် သွားရပ်နေကာ
ညီညာစွာ ပျံ့လွှင့်လာသော ကျေးငှက်လေးများ၏ သဘာဝ တေးသံချို လေးအတူ လေညင်းများဟာ ကြာပွင့်များအား ယိမ်းနွဲ့လျက်။

နားထဲဝင်လာသော ကျဲတီးခတ်နေကျ ဆောင်းသံစဉ်ချိုနဲ့အတူ သူမခန္ဓာကိုယ်ဟာ
စည်းချပ်ကျစွာ လှုပ်ရှားလျက်။

White Lotus  🍁💫[Completed]Where stories live. Discover now